Mandalay News

0 0
Read Time:4 Minute, 43 Second

မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိနေပြီး ပြောက်ကျားသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဒေါက်တာ တေဇာစန်း ပြောဆို

 

D Day News

ဇူလိုင်လ ၂၂

 

မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိနေပြီး ပြောက်ကျားလှုပ်ရှားမှုသပိတ်နှင့်အတူ ပြည်သူများကို ထိတွေ့ဖြစ်ကြောင်း ဒေါက်တာတေဇာစန်းက ၎င်း၏ လူမှုကွန်ယက်မှ တဆင့် ပြောဆိုထားသည်။

 

“ဂန္ထဝင်မြို့ကြီးသို့ အပြန်လမ်း” သို့မဟုတ် ရွှေမန်းမြေမှာ ဖော်ဆောင်ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှား မှု များ ခေါင်းစဉ်ဖြင့်ယခုရက်ပိုင်းအတွင်း လှုပ်ရှားမှုဓာတ်ပုံများနှင့်အတူ ၎င်းက ထုတ်ပြန်ပြောဆို ထားခြင်းဖြစ်သည်။

 

“ကျနော်တော့ အညာမြေ မြို့ရွှေမန်းမှာ ကိုယ့်ပြည်သူတွေနဲ့ ပြန်လည် ထိတွေ့ဖြစ်တယ်ဗျာ။ ကျနော် တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေ​ဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စု စည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။ အခုချိန်မှာ လည်း မန်းသူ မန်း သားတို့ဟာ အဆုံးသတ်တိုက်ပွဲအတွက် “အသင့်” ဖြစ်နေတာကို ရွှေမန်းမြေကို ပြန်ရောက်တော့ မျက်ဝါးထင်ထင် တွေ့မြင်ရပြန်တယ်။ အထူးပဲ အားတက်ရတယ်ဗျို့။” ဟု ဒေါက်တာတေဇာစန်းက ဆက်လက်ပြောကြားသည်။

Photo – မန္တလေးမြို့ပေါ်တွင် ရက်ပိုင်းအတွင်းက သပိတ်လှုပ်ရှားမှုဆင်နွှဲခဲ့သော ဒေါက်တာ တေဇာစန်း

တော်လှန်ရေးကြီး အမြန်ဆုံးအောင်ပွဲဆင်နိုင်ရေးအတွက် စစ်ရေးတိုက်ပွဲနှင့်အတူ လူထု တိုက်ပွဲ၊ လူထု အုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန် အထူး လို အပ်ကြောင်း၊ စစ်ရေးတစ်ခုတည်းကို အားပြု၍ မရပဲ စစ်ရေးလှုပ်ရှားမှုနှင့်အတူ လူထုတစ်ရပ်လုံး ပါဝင်သည့် လူထုတိုက်ပွဲ၊ လူထုအုံကြွမှုကို အရှိန်တိုးမြှင့် ဖော်ဆောင်ရန် လိုအပ်ကြောင်း ဒေါက် တာတေဇာစန်းက တိုက်တွန်းထားသည်။

 

“ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီး တွေ ကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။ အထူး သဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လို နေ ပါပြီ။“ဘူး” သပိတ် လို့ဆိုရင် ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အကြမ်း ဖက်စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက- လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး”

– အခွန်အခ မပေး “ဘူး”- စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မ သယ် “ဘူး”၊ မရောင်း “ဘူး”- ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည်

ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက် ခြား အောင် ထိုးနှပ်ကြဖို့ပါ။ ပြည်သူတဦးတယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြမယ်ဗျာ။” ဟု ဒေါက်တာတေဇာစန်းက ပြောကြားသည်။

 

တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာသည့် စစ်ရေးတိုက်ပွဲနှင့် ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ် ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြရန်၊ ပြည်သူများအားလုံး စစ်အာဏာရူးများကို “ငုံ့မခံ ဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြရန် အချိန်ကြရောက်ပြီဖြစ်ကြောင်း၊ ဒူးထောက်နေသူများရှိလို့သာ အာဏာရူးများ အုပ်စိုးနေ၍ရပြီး အတူတူညီညီညွတ်ညွတ်တော်လှန်ု ရုန်းထွက်ပါ အလျှင်အမြန်လွတ်မြောက်မည်ဖြစ်ကြောင်းအသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *