Yinmarbin News

0 0
Read Time:2 Minute, 42 Second

ယင်းမာပင်မြို့နယ်၊ ပုသိမ် -မုံရွာ လမ်းမပေါ်တွင် စခန်းချတပ်စွဲထားသော စစ်ကြောင်းမှ ကင်းပတ် ထွက် လာသော စစ်သားများကို  တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်း ဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၂

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် အင်အား ၁၅၀ ခန့်ဖြင့် စခန်းချတပ်စွဲ ထားသောအကြမ်းဖက်စစ်စစ်ကြောင်းမှ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်သားများကို တိုက် ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် ယင်းမာပင်ပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်း ပေါ် ၌ အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ကင်းပတ်ထွက် လာ သော အကြမ်းဖက် စစ်သားများအား အုံတုံပင်ကျေးရွာနှင့် ကျေးစာကျ ကျေးရွာကြား လမ်းခု လတ်တွင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သားအသုံးပြုသော MA-11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် ၃ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပုသိမ်-မုံရွာလမ်းပေါ်မှာက တပ်စွဲထားတာကြာပြီ၊ ကြေးနီသယ်တဲ့ ကားတွေကို လုံခြုံရေးယူပေးဖို့ လမ်းပိုင်းစိုးမိုးရေးယူထားတဲ့စစ်ကြောင်းပဲ၊ အဲဒီအထဲကမှာ ၆ ယောက်က ကင်းပတ်ထွက်လာတာ၊ အဲဒီ ၆ ဦးနဲ့ ကျနော်တို့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကနဲ့က ကျေးစာကျရွာနဲ့ အုံတုံပင်ရွာကြားမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာ” ဟု အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်- ၃၀ – ADPRA တပ်ခွဲ ၂ (Black Shadow PDF) ၊ မင်းမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်း တပ်ဖွဲ့၊ CDRF နှင့် Black Eagle တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *