0
0
Read Time:1 Minute, 0 Second
ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
D Day News
ဇူလိုင်လ ၂၂
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Chin Defence Force-Kanpetlet ထံမှ သိရသည်။
ဇူလိုင်လ ၁၈ ရက်နေ့က ကန်ပက်လက်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသော ရဲ ဒုတပ်ကြပ် ဦးကွီးလိန်းသည် BA. 63 သေနတ် အမျိုးအစား ၁ လက် ၊ ကျည် ၃၀ တောင့် ၊ ကျည်ဘောက် ၂ ခု နှင့် ဆက်သွယ်ရေးစက် ၁ လုံး တို့ ယူဆောင်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်တပ်သား၊ ရဲသားများအနေဖြင့် ယုံကြည်စွာ ဆက်သွယ် အ လင်းဝင်နိုင်ကြောင်း Chin Defence Force-Kanpetlet က ထုတ်ပြန်ထားသည်။
D Day News