မင်းကင်းမြို့နယ်၊ ဦးကြီးလမ်းပိုင်းတွင် နင်းမိုင်းမိ ပျူစောထီးတစ်ဦးနှင့် စစ်သားဇနီးတို့ သေဆုံး
D Day News
ဇူလိုင်လ ၂၀
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဦးကြီးလမ်းပိုင်းတွင် နင်းမိုင်းမိပြီး ပျူစောထီးတစ်ဦးနှင့်အကြမ်း ဖက်စစ်သား ဇနီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း Student’s Revolutionary Force -SRF ထံမှ သိရ သည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က မင်းကင်းမြို့နယ်၊ တင်ဘက်ရွာ ပျူစောထီးစခန်းတွင် တာဝန်ကျ နေသော အ ကြမ်းဖက်စစ်သား တစ်ဦးသည် ၎င်း၏ ဇနီးဖြစ်သူကို ခေါ်ယူတွေ့ဆုံပြီးနောက် သူငယ် ချင်း ဖြစ်သူ စစ်သားတစ်ဦးနှင့် ပျူစောထီးတို့ကို ပြန်လိုက်ပို့စေခဲ့ရာ ဦးကြီးလမ်းပိုင်းတွင် မိုင်းမိခဲ့ခြင်း ဖြစ်ပြီး စစ် သား ပေါင်ပြတ်ကာ ကျန်နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ဦးကြီးလမ်းပိုင်းသည် အကြမ်းဖက်စစ်ကောင်စီတပ်သား ၊လက်အောက်ခံပျူစောထီးများ အသုံးပြုသော လမ်းပိုင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးမှုရယူရန်ကြိုးစားနေသော လမ်းပိုင်း ဖြစ်ကြောင်း၊ ယခုမိုင်းထောင်မှုသည် Student’s Revolutionary Force -SRF တပ်ဖွဲ့မှ ထောင်ထားခဲ့ သည့် မိုင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားများ၊ ပျူစောထီးများ အနေဖြင့် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ကြရန်နှင့် ထိန်းချုပ်နယ်မြေများမှ အမြန်ဆုံး စွန့်ခွာကြရန် ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ (SRF) ဗဟိုကော်မတီမှ ထုတ်ပြန်ထားကြောင်း၊ မင်းကင်းမြို့နယ်နေ မိဘ ပြည်သူများ အနေဖြင့် လုံခြုံအသိ၊ သတိဖြင့် သွားလာနေထိုင်ကြစေလိုကြောင်း အသိပေး ထုတ် ပြန်ထားသည်။
D Day News