တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်တောင်ပေါ်ရှိ စစ်တပ်စခန်းနှင့် တံတားဂိတ်ကို တိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုရှိ
D Day News
ဇူလိုင်လ ၂၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်တောင်ပေါ်ရှိ စစ်တပ်စခန်းနှင့် တံတားဂိတ်တို့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တနင်္သာမြို့နယ် ပကဖထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၆ မိနစ်အချိန်တွင် ဗိုလ်ချုပ်ကြေးရုပ်တောင်ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကိုလည်းကောင်း၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန်တွင် အကြမ်းဖက်စစ် ကောင်စီ၏ တံတားဂိတ်စခန်းကိုလည်းကောင်း သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ထို့သို့ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်အတိအကျ သိရှိရခြင်းမရှိသေးပဲ အကြမ်းဖက် စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တနေကုန်အဆက်မပြတ် ပစ်ခတ်နေခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ ၊ ဇုန် ၄ ရဲဘော်များက အာဇာနည်နေ့ အောက်မေ့ သောအားဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသနေ မိဘပြည်သူများ ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြပါရန် တနင်္သာရီမြို့နယ် ပကဖ က မေတ္တာရပ်ခံထုတ်ပြန်ထားသည်။
D Day News