Monywa News

0 0
Read Time:2 Minute, 53 Second

မုံရွာ-မန္တလေးလမ်းမပေါ်တွင် ကြေးနီတင်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး ဒဏ်ရာရ

 

D Day News

ဇူလိုင်လ ၂၀

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် ကြေးနီတင် အကြမ်းဖက် စစ်ယာဉ်တန်း ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးဒဏ်ရာရရှိခဲ့ပြီး ကားထိခိုက်ပျက်စီးမှုရှိကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ ၂၃ မိနစ်အချိန်တွင် စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်တွဲကား ၁၅ စီးပါယာဥ်တန်း အနက် ၅ စီး မြောက် တွဲကားကို ချောင်းဦး-မြင်းမူလမ်းပိုင်း၌ အသင့်ပြင်ထားသော ထန်းလုံးမိုင်း အကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်း ဆွဲခဲ့တာတော့ စခတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရတယ်၊ လက်မောင်းထဲတော်တော် နစ်ဝင်သွားတယ်လို့ ပြောတယ်၊ ခေါင်းလည်းထိသွားတယ်၊ အနီးအနားက ဂိတ်ထဲဝင်၊ ဆေးပတ်တီး စီးပြီး ပြန်ထွက်သွားကြတာ၊ အရင်နေ့တွေကတော့ ကားပျက်စီးထိခိုက်တာလောက်ပဲ စုံစမ်းလို့ရ တယ်” People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ပြောကြားသည်။

 

အလားတူ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီ ၂၅ မိနစ်အချိန်ကလည်း မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်တွဲကား ၁၅ စီးအနက် ၉ စီး မြောက် လိုက်ပါ လာသော တွဲကားကို ချောင်းဦး-မြင်းမူလမ်းပိုင်း၌ ပဒေသာမိုင်း ၃ လုံး ၂ ပွိင့် စုစုပေါင်း မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇူလိုင်လ ၁၂ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က ဝမ်ပေါင်ဘက်မှ စစ်ကိုင်းဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင် တွဲကား ၄ စီးပါ ယာဉ်တန်းကို မုံရွာ – ချောင်းဦးလမ်းပိုင်း၌ ထန်းလုံးမိုင်း အကြီး ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း-People’s Defence Force – South Monywa ၊ Youth Vigor Revolution Force ၊ Black Hunter People’s Task Force ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *