Kyaikhto News

0 0
Read Time:2 Minute, 29 Second

ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦး သေဆုံး၊အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၀

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်း၌ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး အရာရှိတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် အတွင်းသို့ အင်အား ၁၃၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား  ၃ ဦးသေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီး ၇ လုံးထက်မနည်း ပစ် ခတ် ခဲ့ပြီး သိမ်ဇရပ် ၂၀၇ တပ်ရင်းရှိ လက်နက်ကြီးကုန်းကလည်း ပစ်ကူပေး တိုက်ခိုက်ခဲ့ ကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက် ယူဆောင်သွားကြောင်း သိ ရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ထွက်ခွာသွားပြီး နောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာအီနာဂါဗုံးသီးတစ်လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း၊ နယ်မြေအခြေအနေအရ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁ တိုက်ခိုက်ရေးရဲဘော်များက KNU ၊ KNLA တပ်များနှင့် ပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *