Taung Thar News

0 0
Read Time:4 Minute, 6 Second

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာအနီး စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၀

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၄ ရက် ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီခန့်က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာဘက်ကို အကြမ်းဖက် စစ် တပ် မိတ္ထီလာ တပ်မ ၉၉ မှ အင်အား ၁၅၀ ခန့်ဖြင့် လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးဝင် ရောက် လာခဲ့ ကြောင်း၊ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်စစ်သားများ စခန်းချနေသည့် နေရာအား တောင်သာမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ရှောင်တခင် အနီး ကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး G3 အမျိုးအစား သေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောင်သာပလဖ၊ မိတ္တီလာ ပကဖ၊ နေပြည်တော် ၈၀၁ တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၆ ရက် နေ့နှင့် ၁၇ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်သားများက ဇရက်ကြီးရွာကို မီးရှို့ နေစဉ် တောင်သာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်း (MDDS) ၊ မြင်းခြံခရိုင်ရင်း ၃ ၊ တပ် ရင်း ၄ ၊ တပ်ရင်း ၈ နှင့် မလိုင်ပကဖတို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကာ မြေပြင်မှ ပြောက် ကျားစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက် နံနက် ၉ နာရီခန့်တွင် ယင်းအကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး မျက်သေဆုံးပြီး မူး ယစ်ဆေးဝါးများသုံးစွဲထားသဖြင့် အကြောက်အလန့်မရှိသော စစ်သားများ ဇွတ်အတင်း တိုးဝင် လာသဖြင့် အသင့်ထောင်ထားသော မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၈ ရက် နေ့လည်ပိုင်းတွင် ဇရပ်ကြီးရွာမှ သေ ဆုံး၊ ဒဏ်ရာရ အလောင်းများကို ထမ်းစင်များဖြင့် ထမ်းသယ်ပြီး ဆုတ်ခွာသွားကြောင်း၊ ထိုသို့ စစ် ကြောင်း ဆုတ်ခွာသွားစဉ် မြင်းခြံခရိုင် တပ်ရင်း ၄ ၊ ခရိုင်ဒရုန်းTeam တို့မှ ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဇရပ်ကြီးရွာအတွင်း၌ ၄ ရက် ဆက်တိုက် အနီးကပ် တိုက်ပွဲ ၃ ကြိမ်၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၄ ကြိမ်ကို တောင်သာမြိုနယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာ ပကဖ၊ တောင်သာ ပလဖ ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၈ ၊ တရင်း ၉ ၊  မလှိုင် ပကဖ အဖွဲ့ နှင့် နွားထိုးကြီး ပကဖ အဖွဲ့တို့ ပူးပေါင်းပြီး လက်တွဲညီညီ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ G3 အမျိုးအစားသေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *