Poem

0 0
Read Time:49 Second

ကဗျာ ကဏ္ဍ “မိုက်ဇာတ် သိမ်းချိန်”

 

ပျိုးကြဲလက်

 

အချုပ်အခြာ ၊ ပြည့်အာဏာကား

မှန်စွာမယွင်း ၊ ပြည်သူနှင်းမှ

စိုးမင်းဂုဏ်ရောင် ပြောင်ရသည်။

 

မုဒိမ်းဓားပြ ၊ အာဏာရပြီး

မောဟမှောင်မိုက် ၊ စိတ်လိုလိုက်က

ပြည်ခိုက်ရန်ငြိုး ၊ ဆထက်တိုးကာ

မင်းဆိုးမင်းမိုက် ၊ ကျိန်စာခိုက်၍

အမိုက်ဇာတ်တို့ သိမ်းရမည်။

 

ရာဇပလ္လင် ၊ နန်းရင်ပြင်ဝယ်

မတင်မမြှောက် ၊ မရွေးကောက်ဘဲ

ဝင်ရောက်နေရာ ၊ ယူသည့်ခါဝယ်

ငါ့မှာစိတ်ကြိုက် ၊ ကျိန်စာတိုက်သည်။

 

ကာလနာဆိုက် ကြွေစေသော်။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးချိန် = ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *