Hakha News

0 0
Read Time:2 Minute, 56 Second

ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှု ရဲ ၄ ဦးသေဆုံး၊ လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိ၊ နိုင်ငံရေးအကျဉ်း သားများအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်

 

D Day News

ဇူလိုင်လ ၂၀

 

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးပြီး လက်နက် ၂၀ ကျော်သိမ်းဆည်းရရှိခဲ့ကာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်း သား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၅ နာရီခွဲခန့်တွင် Operation Rung အမည်ဖြင့် Chinland Defense Force – Hakhaမှ ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရဲ ၄ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့သည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် အကျဥ်းသား ၆၂ ဦး (ယောကျ်ား ၄၉ ဦး နှင့် မိန်းကလေး ၁၃ ဦး) တို့ကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

“အခုလုံခြုံတဲ့နေရာပြန်ရောက်ပြီ၊ ငါတို့စခန်းပြန်ရောက်ပြီ။ ဒီမနက် ၅ နာရီခွဲလောက်ကနေ စတိုက် တာ၊ ရဲ ၃ ယောက်တော့ ကျသွားတာပေါ့၊ စခန်းမှာက စစ်သားမရှိဘူး။ ရဲတွေပဲ၊ ရဲက ၁၄ ယောက် လောက်ရှိတယ်။ ကျန်တဲ့ရဲတွေက ထွက်ပြေးသွားတာ၊ ဖမ်းမိတာမရှိဘူး၊ လုပ်နိုင်သလောက်ပြီး ချက် ချင်းပြန်ဆုတ်လာခဲ့တာ၊ မိန်းကလေး ၁၃ ယောက်နဲ့ ယောက်ျားလေး ၄၉ ယောက် အားလုံးပေါင်း ၆၂ ယောက်ပေါ့၊ နိုင်ငံရေးအကျဉ်းသားတွေရော၊ အခြားအကျဉ်းသားတွေရောအားလုံးပဲ အခုတော့ စစ်ဆေးနေတုန်း၊ စိစစ်နေတုန်း၊ ဒီလောက်ပဲ ပြောလို့ရဦးမယ်” ဟု CDF Hakha တပ်မဟာ ၄ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

ထိုသို့ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်သားများမှ စစ်ကူပေးခြင်း မရှိကြောင်း၊ ယခုအချိန်တွင် ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များမှ မြို့ပြင်မှ အသင့်စောင့်ဆိုးနေ ပြီး အကြမ်းဖက်စစ်သားများမှာ မြို့တွင်းရှိ ၎င်းတို့ တပ်ရင်းစခန်းအတွင်း၌ ပုန်းခိုနေကြောင်း သိရ သည်။

 

CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ်ဒီမို ကရေစီပြည် ထောင်စုပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဖော် ဆောင်သွားမည်ဖြစ် သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *