Mandalay PDF News

0 0
Read Time:2 Minute, 12 Second

စဉ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပြီး အလုံးစုံ ထိန်းချုပ်ထားဟု မန္တလေး PDF ကြေညာ

 

D Day News

ဇူလိုင်လ ၂၀

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်ကာ အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မန္တလေး PDF တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သည်။

 

ဇူလိုင်လ ၁၇ ရက်နေ့က စဉ့်ကူးမြို့နှင့် မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ အားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားသုံ့ပန်းများ အများအပြား ဖမ်းဆီးရရှိခဲ့ကာ လက်နက်ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများ အတွင်း အကြမ်းက်စစ်ကောင်စီမှ လေကြောင်းဖြင့် မြို့နေရပ်ကွက် ပြည်သူ လူထုနေထိုင်ရာ ရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများ အဆက် မပြတ်ပြုလုပ်ခဲ့ သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

 

ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံး သိမ်းယူသော မြို့အဖြစ် သမိုင်း မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

စဉ့်ကူးမြို့နယ်အတွင်း စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ် အ လေးပြု မှတ်တမ်းတင်အပ်ပါကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *