CDM News

0 0
Read Time:1 Minute, 42 Second

ထီးလင်းမြို့ရွှေထီးခန်းမတွင် တာဝန်ကျနေသော အင်ဂျင်နီယာတပ်သား တစ်ဦး လက်နက်ခဲယမ်း နှင့်အတူ အလင်းဝင်

 

D Day News

ဇူလိုင်လ ၁၉

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ ရွှေထီးခန်းမတွင် တာဝန်ကျနေသော အကြမ်းဖက် စစ်ကောင် စီတပ်မှ အင်ဂျင်နီယာတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Yaw National Revolution Force ထံမှ သိရသည်။

 

ဇူလိုင်လ ၇ ရက် နေ့က ထီးလင်းမြို့ ရွှေထီးခန်းမတွင် တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီ ၏ အင်ဂျင်နီယာတပ်သား ကျော်မိုးဆွေသည် MA 1 တစ်လက်၊ ကျည်ဘောက် ၃ ဘောက်၊ ၅.၅၆ ကျည် ၃၄၇ တောင့် ၊ ကျည်ကာအင်္ကျီ Lv 1 ၊ Lv 2 နှစ်ခုနှင့် အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“လက်ရှိတော့ ကျနော်တို့ တပ်ရင်းမှာပဲ ကူညီစောင့်ရှောက်ထားပါတယ်၊ သူက မိုင်းဆရာလို့ သိရပါ တယ်။ တပ်ထဲမှာက စည်းလုံးမှုလည်းမရှိ နောက်ပြီး သူကလည်း တခြာဆီကနေ လာပေါင်းရတာလို့ ပြောတယ်။ ကျင်ဒွေးကနေ ပြန်လာတာတဲ့။” ဟု Yaw National Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထို့သို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် တပ်သား ကျော်မိုးဆွေအား အမှတ် ၁ စစ် ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်း – သို့ Yaw National Revolution Force မှ ဆုငွေ ကျပ် သိန်း ၅၀ တိတိကို ယနေ့ ဇူလိုင်လ ၁၉ နေ့တွင် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *