CDM News

0 0
Read Time:1 Minute, 12 Second

ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ဆုငွေကျပ်သိန်း ၈၀ ချီးမြှင့်

 

D Day News

ဇူလိုင်လ ၁၇

 

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သဖြင့် ငွေကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့ကြောင်း CNO/CNDF သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ဇူလိုင်လ ၃ ရက်နေ့က ဖလမ်းမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် မိုးဇက်သည် CNO/CNDF ထံသို့ MA-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ အတောင့် ၁၂၀ နှင့် 40 MM ဗုံးသီး ၁၄ လုံးကို ယူဆောင်လာခဲ့ကာ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထို့သို့ အလင်းဝင်ရောက်ခဲ့သည့် ဒုတပ်ကြပ်ကို CNO/CNDF မှ ဆုကြေးငွေ ကျပ် သိန်း ၈၀ ချီးမြှင့်ခဲ့ ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *