MNDAA News

0 0
Read Time:4 Minute, 57 Second

စစ်ကောင်စီ၏ လေယာဉ်များကို ဖျက်ဆီးကာ အလင်းဝင်ရောက်နိုင်သူအား ကျပ်သိန်း တစ်သောင်း ဆုချီးမြှင့်မည်ဟု MNDAA ကြေညာ

 

  • လားရှိုးမြို့ တိုက်ပွဲအတွင်း ဒုတပ်ခွဲမှူးအဆင့်ရှိသူ အပါအဝင် ၃၂ ဦး၊ ကင်းထောက်အဖြစ် အသုံးပြု နေသူ အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးငယ် ၃ ဦးတို့ကို ဖမ်းမိ

 

D Day News

ဇူလိုင်လ ၁၆

 

အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဖျက်ဆီးနိုင်ခဲ့ပြီး အလင်းဝင်ရောက်နိုင်ခဲ့သူများကို ကျပ် သိန်း တစ်သောင်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း MNNDAA က တရားဝင်ကြေညာသည်။

 

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်နှင့် အခြားလေယာဉ် အမျိုးအစားများကို ဖျက်ဆီးနိုင်ခဲ့ခြင်း၊ ယူဆောင်လာနိုင်ခြင်းတို့အပေါ် ဆုငွေ ကျပ် ၁ဝဝဝဝ သိန်း (သိန်းတစ်သောင်း) ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိချိန်တွင် မင်းအောင်လှိုင်၏ လက်နက်ကိုင်တပ်အဖွဲ့ဝင် အများအပြားသည် MNDAA ၏ ရှေ့ တန်း တပ်ဖွဲ့ သို့လာရောက်လက်နက်ချကြကြောင်း၊ လက်နက်ချပြီး အလင်းဝင်လာသူတို့အတွက် MNDAA တပ်မတော်က လူသားချင်း စာနာသည့် ဆက်ဆံရေးပေးပြီး အသက်ကို အာမခံချက် အ ပြည့်ဝပေးမည်ဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ခွဲထွက်၍ အလင်းဝင်ပြီး ပြည် သူ့ရင်ခွင်ထံသို့ ပြန်လည်ရောက်ရှိရန် တိုက်တွန်းပေးရန်အတွက် ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းလိုက် ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လက်နက်ကြီးများ ကိုင်ဆောင် (သို့မဟုတ်) သယ်ဆောင်ပြီး အလင်းဝင်လာသူများ၊ မိမိ၏ တပ်စခန်း ရှိ လက်နက်ကြီး များကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အလင်းဝင်လာသူများ၊ လက်နက် ကြီးများ ကို အာဏာသိမ်း လက်နက်ကိုင်အဖွဲ့ အသုံးမပြုနိုင်အောင် ဖျက်ဆီးလိုက်ပြီး အလင်းဝင် လာသူများ အတွက် ဆုချီးမြှင့်မည်ဖြစ်ပြီး ၁၂.၇ မမ နှင့် အထက်ရှိ စက်သေနတ်များကို ဆုငွေ ကျပ် ၅ဝ သိန်း ၊ ၁ဝဝ မမ နှင့် အထက်ရှိ အမြောက်များကို ဆုငွေ ကျပ် ၁ဝဝ သိန်း ၊ သံချပ်ကာ၊ တင့်ကား နှင့် အခြား ကုန်းလမ်းသုံး အကြီးစားစစ်ရေး ကိရိယာများကို ဆုငွေ ကျပ် ၁ဝဝဝ သိန်းချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာသူကို ဆုငွေ ကျပ် ၁ဝဝ သိန်း၊ စစ်သည် အဆင့် အလင်းဝင်လာသူများကို ငွေကျပ် ၁ဝ သိန်းနှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၁၅ သိန်းချီးမြှင့်ပေးမည်ဖြစ်ကြောင်း ၊ ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၂ဝ သိန်းနှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၂၅သိန်းချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။

 

အလားတူ ဗိုလ်မှူးမှ ဗိုလ်မှူးကြီး အဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၃ဝ သိန်း နှင့် လက် နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၃၅ သိန်းချီးမြှင့်ပေးဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကိုယ့်ဆန္ဒအလျောက် လက်နက်ချပြီး အလင်းဝင်လာသူတွေအတွက် လူသားချင်းစာနာသည့် ဆက်ဆံရေးများပေးပြီး အသက်ကို အာမခံချက်အပြည့်ဝပေးမည်ဖြစ် ကြောင်း၊ အလင်းဝင်ပြီးသူက အကြမ်းဖက် စစ်ကောင်စီတပ်ရှိ တာဝန်ထမ်းဆောင်သူများကို ဝါဒဖြန့် ခြင်း ၊ စည်းရုံးခြင်း ဖြင့် အလင်းဝင်သူရှိလာပါက ဆောင်ရွက်ပေးသူကို ထပ်မံ၍ ဆုငွေချီးမြှင့်ပေးမည် ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

 

ဇူလိုင်လ ၁၄ ရက်နေ့က လားရှိုးမြို့ နန်ကျိုင်းစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် က ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများတွင် ကင်းထောက်အဖြစ် အသုံးပြုနေသည့် အသက် ၁၈ နှစ် မပြည့် သေးသူ ကလေးငယ် ၃ ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇူလိုင်လ ၁၃ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် လားရှိုးမြို့ စစ်ပွဲဇုန်အတွင်းမှ ဒုတပ်ခွဲမှူး အဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၃၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များကို လူသားချင်းစာနာမှုဆိုင်ရာ ဆေးကုသမှုများ လုပ်ဆောင်ပေးထားကြောင်း MNDAA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *