NUG News

0 0
Read Time:6 Minute, 4 Second

စစ်ရေးအရ စစ်တပ်စခန်းများ၊ မြို့များ သိမ်းနိုင်ရုံဖြင့် ပြီးမြောက်မှုမရှိပဲ ထိန်းထားနိုင်ဖို့ လိုကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

 

D Day News

ဇူလိုင်လ ၁၆

 

စစ်ရေးအရ စစ်တပ်စခန်းများ၊ မြို့များကိုကို သိမ်းနိုင်ရုံဖြင့် ပြီးမြောက်မှုမရှိပဲ ထိန်းထားနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရ အဖွဲ့ အစည်း အဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါက တော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ “သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်” ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက် ဧရိ ယာတွေ ဆိုတာဟာ စစ်ရေးအခြေခံဒေသကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက် လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှုနဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှုတွေ ဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီး တယ်လို့ ယူဆပါတယ်။” ဟု နိုင်ငံတာ်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးများ၏ လက်တွဲခေါ်ဆောင်မှုဖြင့် လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ကောင်းစွာသင်ယူ လေ့လာ နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး – ဒုတိယလှိုင်း တွင် မန္တလေး – ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ပါဝင်လှုပ်ရှားမှုသည် နိုင်ငံရေးအရ၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ အောင်မြင်မှုအတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကို လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ဆက်လက်ပြောဆိုသည်။

 

နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင်တော်လှန်ရေးသည် အစကနဦး အချိန်က “မုဆိုး စိုင်သင် – သဘာမျိုး”ဖြင့် တဖြည်းဖြည်းချင်း လေ့လာသင်ယူကြရပြီး တစ်ဖက်တွင် တိုင်းရင်းသားတော် လှန် ရေးအဖွဲ့ အစည်း၏ လက်ကမ်းကြိုဆို ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုဖြင့် နွေဦးတော်လှန်ရေး ခုခံ တော်လှန်စစ်ရေး အခြေအနေကို မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအားလုံး အနေဖြင့် လူထုနှင့် တစ်သားတည်းရပ်တည်ကာ ခုခံတော်လှန်စစ် အခြေခံဒေသများ အပြိုင်အဆိုင်ပေါ်ပေါက်လာရေး အလေးအနက်ထားကြိုးစား ကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်တိုက်တွန်းထားသည်။

 

“အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ တိုင်းရင်းသားလွတ် မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားတယ်ဆိုတာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုပြီး သိသာ ထင်ရှား လာပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန် ရေးကြီး အတွက် အဓိက အသက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနဲ့ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေ အောင်ပွဲခံ လာနိုင်တာကို တွေ့ရပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ထို့အပြင် တိုင်းရင်းသားဒေသများ၏ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးသည် စစ်အာဏာ ရှင် စနစ် ပြိုလဲခြင်း၏ သင်္ကေတတစ်ခုဖြစ်ပြီး နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလွတ်မြောက် ရေးလှုပ်ရှားမှုသည် တိုက်ရိုက်ချိတ်ဆက်ထားကြောင်း၊ ဆက်လက်၍ ခိုင်မာ ကျယ်ပြန့်အောင် လုပ် ပြီး နွေဦးတော်လှန်ရေး ခုခံတော်လှန်စစ် အရှိန်မြှင့်နိုင်ရန် လိုကြောင်း သတိပေးထားသည်။

 

“ကျွန်တော်တို့ အနေနဲ့ ခုခံတော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့ လည်း တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေး အရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင် ထား နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ထို့အပြင် လူမျိုးရေးအသွင်ဆောင်သည့် ထောင်ချောက်များကို ရှောင်ရှားနိုင်ရန် သတိရှိရမည်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထုအချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာစေရန် လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်းစုစုစည်းစည်းဖြင့် ကြိုးစားကြရမည်ဖြစ်ကြောင်း ၎င်းက ဆက် လက် သတိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *