International News

0 0
Read Time:5 Minute, 42 Second

မြန်မာပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ နေအိမ်များ မီးရှို့ ခြင်း၊ လူသားဒိုင်းအဖြစ် အသုံး ပြုခြင်း၊ စစ်သားစုဆောင်းခြင်းနှင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် အကြမ်းဖက်စစ်တပ်ကို နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ကုလသမဂ္ဂ သံအမတ်များ ပူးတွဲတောင်းဆို

 

D Day News

ဇူလိုင်လ ၁၆

 

မြန်မာပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ နေအိမ်များ မီးရှို့ ခြင်း၊ လူသားဒိုင်းအဖြစ် အသုံး ပြုခြင်း၊ စစ်သားစုဆောင်းခြင်းနှင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် အကြမ်းဖက်စစ်တပ်ကို နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ကုလသမဂ္ဂ သံအမတ်များ ပူးတွဲတောင်းဆိုလိုက်သည်။

 

ဇူလိုင်လ ၁၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသ မဂ္ဂဌာနချုပ်တွင် နိုင်ငံ ပေါင်း ၃၇ ခုမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ်များက စုပေါင်းတောင်းဆိုလိုက်ခြင်းဖြစ် သည်။

 

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ တိုးမြင့်လာနေကြောင်း၊ အပြည် ပြည်ဆိုင်ရာ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက် မှုများကြောင့် မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို နက် နက်ရှိုင်းရှိုင်း တိုးလာကြောင်း၊ ထို့ကြောင်း အဆိုပါ အခြေအနေများများကို အလွန်စိုးရိမ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ အပါအဝင် စစ်ဘေးရှောင် ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံး ပြုလာခြင်း၊ စစ်ဘေးရှောင်စခန်းများပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းများ ထောင်ခြင်း၊ စစ်ဘေးရှောင် စခန်းများကို စစ်ဘက် အခြေစိုက်စခန်းများအဖြစ် အသုံးပြုလာခြင်းတို့အပေါ်လည်း စိုးရိမ်ကြောင်း၊ ထို့ပြင် လူနည်းစု မျိုးနွယ်စုများမှ ကလေးငယ်များအပါအဝင် ပြည်သူများကို စစ်သားအဖြစ် စစ်တပ် နှင့် လက်အောက်ခံအဖွဲ့များက အတင်း အကျပ်စုဆောင်းမှုများ အပေါ်လည်း စိုးရိမ်ကြောင်း ဆက် လက် ရေးသားထားသည်။

 

လူနည်းစုများမှ ကလေးငယ်များနှင့် ပြည်သူများကို စစ်သားအဖြစ် အတင်းအကျပ်စုဆောင်းခြင်းက လူမျိုးရေး တင်းမာမှုများ ပိုမိုဖြစ်ပွားစေပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေကို ပိုမို ဆိုး ရွား စေမည့် အန္တရာယ်ရှိကြောင်း၊ စစ်တပ်က အထူးသဖြင့် အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများ ကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲခြင်း၊ အရပ်သားနေအိမ်များကို မီးရှို့ခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးသူ များနှင့် လုပ်ငန်းစဉ်များကို တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်များခြင်းတို့မှာ လက်ခံနိုင်စရာမရှိကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များက ပြောဆိုသည်။

 

၂၀၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်ကောင်စီက စစ်အာဏာသိမ်းရန် ကြိုပမ်းပြီးနောက် လူသားချင်း စာနာ ထောက် ထားမှု လိုအပ်နေသော လူဦးရေ ၁၈ ဒသမ ၆ သန်းအထိ တိုးလာကြောင်း၊ အိမ်နီး ချင်း နိုင်ငံများတွင် ခိုလှုံသူ ၆၆,၀၀၀ အပါအဝင် လူပေါင်း ၂ ဒသမ ၉ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ရိုဟင်ဂျာဒုက္ခသည်မှာလည်း ၁ သန်းကျော်ရှိနေကြောင်း၊ အမျိုး သမီးများ၊ ကလေးများ၊ တိုင်းရင်းသားများနှင့် အခြားလူနည်းစုဝင်များ အပါအဝင် လိုအပ်နေသော လူသားအားလုံးထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အပြည့်အဝ၊ လျင်မြန်၊ လုံခြုံပြီး အဟန့်အတားမရှိ ရောက်ရှိရေး ထပ်မံတောင်းဆိုထားသည်။

 

အထူးသဖြင့် စစ်ကောင်စီအပါအဝင် သက်ဆိုင်သူများအားလုံးအနေဖြင့် အကြမ်းဖက်မှုများ အရှိန် လျှော့ရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာရန်၊ အရပ်သားများကို အကာအကွယ်ပေးရန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို အပြည့်အဝ အကောင်အထည်ဖော်ရန် သံအမတ်များက ပူးတွဲ တောင်းဆို ထားသည်။

 

အာဆီယံ၏ အခန်းကဏ္ဍ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ခန့်အပ်ခြင်း တို့ကို အပြည့်အ၀ ထောက်ခံကြောင်း၊ မြန်မာ့အရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာရန်၊ အပြုသဘော ဆောင်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးကြရန် ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုထား သည်။

 

မြန်မာ့အရေး ပူးတွဲတောင်းဆိုသည့် နိုင်ငံပေါင်း ၃၇ ခုတွင် Albania ၊ Australia ၊ Canada ၊ New Zealand ၊ Republic of Korea ၊ Switzerland ၊ Turkiye၊ Ukraine၊ United Kingdom ၊ United States၊ Austria၊ Belgium၊ Bulgaria ၊ Croatia ၊ Republic of Cyprus ၊ Czech Republic၊ Denmark ၊ Estonia ၊ Finland၊ France ၊ Germany ၊ Greece ၊ Hungary ၊Ireland၊ Italy ၊ Latvi ၊ ၊ Lithuania၊ Luxembourg၊ Malta၊ Netherlands၊ Poland ၊ Portugal ၊ Romania၊ Slovakia ၊ Slovenia ၊ Spain၊ Sweden တို့ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *