Myingyan News

0 0
Read Time:1 Minute, 14 Second

မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအတွင်း ဝင်ရောက်လာသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၅

 

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်က အင်အား ၈၀ ခန့်ဖြင့် မြင်းခြံမြို့နယ်၊ ခြေဆေးကျေး ရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့် အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် စွန်ရဲ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *