Shwe Bo News

0 0
Read Time:3 Minute, 26 Second

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် ဆားတောင်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်

 

D Day News

ဇူလိုင်လ ၁၅

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ် မြေရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် နေ့လည်ပိုင်းက ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို Fixed Wing Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သား၊ ပျူစောထီးများဘက်မှလည်း ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့၊ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ မဟူရာ ရွှေဘိုသား LDF အဖွဲ့ ၊ ဒေါင်းမန် (ရွှေဘို) ပကဖအဖွဲ့ ၊ ဇေယျသွေး LDF အဖွဲ့နှင့် အခြားမဟာမိတ် အဖွဲ့များနှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အကြမ်းဖက် စစ်တပ် အမြစ်ပြတ်ရေး တိုက်ပွဲဝင်လျက်ရှိပြီး Fixed Wings Drone တစ်စီး တန်ဖိုး ၂၈ သိန်းကျပ်ခန့်၊ ဗုံးသီး ၁ လုံး တန်ဖိုး ၃ သောင်းကျပ်ခန့် ကုန်ကျစရိတ်ရှိသဖြင့် မိဘပြည်သူများမှ ဝိုင်းဝန်းအားဖြည့်ကူညီ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းနှင့် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Phoenix Sagaing တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းရှေ့၌ ဂိတ်ဖွင့် ကာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော စစ်သား၊ ရဲများကိုလည်းကောင်း၊ ညနေ ပိုင်းတွင် ဆားတောင်မြို့ရဲစခန်းအတွင်းသို့လည်းကောင်း Fix Wing Drone များဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား၊ ရဲများဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့သော်လည်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing ၊ People Dictatorship Revolutionary Force (SGG)၊ ကြောင်လက်သည်း (ဝက်လက်) ၊ နန်းတက်မင်း(ဝက်လက်) ၊ ဇာမဏီ(ဝက်လက်)နှင့် နယ်စီးမခြား ရွှေဘိုသား(ရွှေဘို)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *