Poem

0 0
Read Time:1 Minute, 37 Second

ကဗျာ ကဏ္ဍ “တော်လှန် ကလောင်ရှင်”

 

ပျိုးကြဲလက်

 

သင့်မြေသင့်ယာ ၊ သင့်မြို့ရွာတွင်

ဘယာမဲ့ကင်း ၊ လွတ်လပ်ခြင်းနှင့်

ကွေကွင်းမှောင်မိုက် ၊ ရှိသည့်ခိုက်ဝယ်

တိုက်ပွဲချင်းထပ် ၊ မှန်ရာရပ်၍

မကပ်မခို ၊ လုံ့လပိုလျှက်

ပြည်ကိုအေးချမ်း ၊ဘေးမသန်းအောင်

စွမ်းဆောင်နိုင်ပါစေ။

 

တိရိစ္ဆာန်မျိုး ၊ ရန်သူဆိုးတို့

ကိုယ်ကျိုးသာကြည့် ၊ ပြည်ကိုဖိသော်

သူ၏အမျိုး ၊ ခွန်အားကိုးက

စိုးမိုးသာလွန် ၊ ခွန်အားမွန်ဖြင့်

အားသွန်ဖိ၍တိုက်။

 

လက်သည်းအားကိုး ၊ သူ့အမျိုးလည်း

စိုးမိုးသာလွန် ၊ လက်သည်းမွန်ဖြင့်

အားသွန်ဖိ၍တိုက်။

 

အစွယ်အားကိုး ၊ သူ့အမျိုးလည်း

စိုးမိုးသာလွန် ၊ အစွယ်မွန်ဖြင့်

အားသွန်ဖိ၍တိုက်။

 

အဆိပ်အားကိုး ၊ သူ့အမျိုးလည်း

စိုးမိုးသာလွန် ၊ အဆိပ်မွန်ဖြင့်

အားသွန်ဖိ၍တိုက်။

 

လက်နက်အားကိုး ၊ သူ့အမျိုးလည်း

စိုးမိုးသာလွန် ၊ လက်နက်မွန်ဖြင့်

အားသွန်ဖိ၍တိုက်။

 

လက်ယာလက်ထဲ ၊ ကလောင်စွဲက

ပြည်ထဲအရေး ၊ အခါပေးလျှင်

မနှေးချင့်ကဲ ၊ သင့်လက်ဝဲဖြင့်

ဓါးဆွဲထွက်ကာ ၊ ရင်ဆိုင်ပါလော့။

 

ကလောင်ထက်ထက် ၊ ဓားထက်ထက်ဖြင့်

ပြည်ဖျက်ရန်စွယ် ၊ သင်တို့ပယ်မှ

နောင်ဝယ်ငြိမ်းချမ်းမည်တကား။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၂၁ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *