Tanintharyi News

0 0
Read Time:1 Minute, 40 Second

တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၇ ၊ ၅၅၈ တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

D Day News

ဧပြီလ ၁

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိအကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၇ ၊ ၅၅၈ တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၃၁ ရက်ည ၁၁ နာရီမိနစ် ၃၀ မှ ယနေ့ဧပြီလ ၁ ရက် နံနက် ၄ နာရီအထိ တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခ.မ.ရ (၅၅၇) နှင့် ခ.မ.ရ (၅၅၈) တပ် ရင်းတို့ကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်းရှိ အဆောက်အအုံ အချို့ ထခိုက်မှုပျက်စီးမှုရှိခဲ့ပြီး အကြမ်းဖက်စစ်သားများလည်း သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

“ထိခိုက်သေဆုံးမှုက ရှိနိုင်တယ်၊ အသေးစိတ်တော့ မသိရသေးဘူး၊” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ (ADF ဒရုန်းအဖွဲ့) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *