TNLA News

0 0
Read Time:1 Minute, 56 Second

မိုးကုတ်နှင့်မိုးမိတ်တွင် ဆက်လက်တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဒရုန်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဇူလိုင်လ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်နှင့်မိုးမိတ်မြို့နယ်တွင် ဆက်လက်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီတပ်က ဒရုန်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြာင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာန က ထုတ်ပြန်သည်။

 

တအာင်းပြည် တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ်မြို့အတွင်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA ၊ PLA ၊ MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိ ကြောင်း၊ ထို့အပြင် တောင်ကုန်းဘုန်းကြီးကျောင်းအနီးတဝိုက် တွင်လည်း စစ်ကောင်စီတပ် စကခ-၂၁ ၊ ခလရ-၂၇၆ နှင့် တအာင်းတပ်မတော် TNLA ၊ PLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

အလားတူ တပ်မဟာ(၂)နယ်မြေ၊ မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက် တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈) နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ ပြီး ယနေ့ ဇူလိုင်လ ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၄ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် သံဘိုရွာကို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၁ ကြိမ်နှင့် ဘန်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ရွာသို့ ဒရုန်းဖြင့် ၁၅ ကြိမ် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *