Nattalin News

0 0
Read Time:3 Minute, 0 Second

နတ်တလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းထွက်ရန် ရှေ့ပြေးထွက်လာသည့် ပျူ၄ ဦးကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၁၄

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းထွက်ရန် ရှေ့ပြေးထွက်လာသည့် ပျူ၄ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ -Phoenix D F ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က နတ်တလင်းမြို့နယ်၊ ကျောက်ခွက်ရွာမှ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထွက်ရန် ဆိုင်ကယ် ၂ စီးဖြင့် ရှေ့ပြေးထွက်လာသည့် ပျူ ၄ ဦးကို လယ်မအင်း ပန်းပဲဖိုနှင့် လျှော်ဖြူခင်းကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ် ၂ စီးနဲ့ ၄ ဦးထွက်လာတာ၊ နောက်က တစ်စီးကတော့ မိုင်းကွင်းပေါ်တည့်တည့်ကျလို့ တစ်ဦးသေတယ်၊ တစ်ဦးဒဏ်ရာအပြင်းအထန် ရတယ်၊ ရှေ့ကနှစ်ယောက်ကတော့ ဆိုင်ကယ်လဲ တယ်။ ထိခိုက်ဒဏ် ရာရတာတော့မရှိဘူးလို့ သိရတယ်။ စစ်ကြောင်းကလည်း နောက်က နေတောက် လျှောက်လိုက်လာတာ၊ မိုင်းဆွဲတိုက်ခိုက်တဲ့နေရာနဲ့ သိပ်မဝေးဘူး။ လက်ရှိတော့ အင်အားတွေ ထပ် တိုးပြီး ပန်းပဲဖိုတိုက်မှာရယ်၊ ဘုရားလေးကုန်းရတယ်၊ လယ်မအင်းမှာရယ် စခန်းချထားတယ်” ဟု နတ်တလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ -Phoenix D F မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း-၃၈၀၁ ၊ တပ်ခွဲ ၂ PHOENIX D F အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံမှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူများသည် လမ်းသွားလမ်းလာ ပြည်သူ များအား ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားမှာ လယ်မအင်း ကျေးရွာ နှင့်အနီးတဝိုက်တွင် ယာယီစခန်းချတပ်စွဲနေရာယူထားသဖြင့် မိဘပြည်သူများမှာ သွားရေး လာရေး အခက်‌တွေ့နေကြောင်း သိရှိရသည်။

 

မိဘပြည်သူများကို အမျိုးမျိုးဒုက္ခပေးနေသော အကြမ်းဖက် စစ်ကောင်စီတစ်သိုက်နှင့် အပေါင်းပါ များအား နည်းမျိုးစုံဖြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *