0
0
Read Time:1 Minute, 23 Second
လားရှိုးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသော MNDAA တပ်ဖွဲ့က ၄ ရက်ကြာ ထိုးစစ်ရပ်နားမည်ဟု ကြေညာ
D Day News
ဇူလိုင်လ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသော MNDAA တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်မှု ၄ ရက်ကြာရပ်ထားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ကြေညာလိုက်သည်။
ယနေ့ ဇူလိုင်လ ၁၄ ရက် ည ၁၂ နာရီမှစ၍ ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီအထိ ထိုးစစ်ဆင်တိုက်ခိုက် မှုကို ရပ်နားထားမည်ဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်များ အနေဖြင့် လက်ရှိရောက်ရှိနေသော နေရာ၌ ခံစစ်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရပါက တန်ပြန်ခုခံတိုက်ခိုက်ခွင့်ရှိကြောင်း အမိန့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်နားရခြင်းမှာ အိမ်နီးချင်တရုတ်နိုင်ငံ၌ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးရှိသဖြင့် ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။
D Day News