KNU News

0 0
Read Time:2 Minute, 8 Second

ကော့ကရိတ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မစ်ဆိုင်းဒုံး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး နေအိမ်နှင့်ကားများ ပျက်စီး

 

D Day News

ဇူလိုင်လ ၁၄

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ပဲခူးတိုင်း မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မစ်ဆိုင်းဒုံး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့်ကားများပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် ခမရ-၃၀၇ တပ်ရင်းမှ ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ၁ လုံး ဂွေးကုန်းရွာထဲသို့ ကျရောက် ပေါက်ကွဲ ခဲ့ပြီး အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ဇူလိုင်လ ၁၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ် ခမရ-၃၀၇ တပ် ရင်းမှ ထပ်မံ၍ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၂ နှစ် အရွယ်အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

ထို့ပြင် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အောင်ဇေယျ စစ်ကြောင်းက ပစ်ခတ်သော အတွဲ လိုက် မစ်ဇိုင်းဒုန်းများသည် ကော့ကရိတ်မြို့နယ်၊ ထီးမူးထကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အ သက် ၅၅ နှစ်အရွယ် ပြည်သူ ၁ ဦး ၊ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး နှင့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦးတို့ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ကာ ပြည်သူပိုင် နေအိမ် ၁၂ လုံး ၊ ပြည်သူ ပိုင် ကားတချို့ နှင့် အိမ်သုံးပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *