Paungdel News

0 0
Read Time:1 Minute, 45 Second

ပေါင်းတည်တွင် ဟင်းစားရှာထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၁၄

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် ဟင်းစာရှာထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ စစ် သား ၁ ဦးသေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ ၃၆၀၁ PPDF တပ်ရင်း ထံမှ သိရသည်။

 

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊ သစ် ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှ ဟင်းသီး၊ ဟင်းရွက်ရှာထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးပွဲချင်း ပြီး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ ၊ PPDF တပ်ရင်း တပ်ခွဲ ၁ မိုင်းကွင်းစောင့်ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

လတ်တလော စစ်ရေးအရှိန်မြှင့်တင်မှုများ ရှိလာသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် နှင့် ဝေဝေးရှောင်ကြည်ကြပါရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ ၃၆၀၁ PPDF တပ်ရင်းက မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *