Sagaing News

0 0
Read Time:2 Minute, 38 Second

ဆားတောင်ရဲစခန်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ ၁၅ ဦးသေဆုံးပြီး လေကြောင်းဖြင့်ဗုံးကြဲမှုကြောင့် ပြန်ဆုတ်ခဲ့ရ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ရဲ ၁၅ ဦးသေဆုံးပြီး စစ်တပ်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန်ဆုတ်ခဲ့ရကြောင်း Zayar 7 – Sagaing ARA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၂ ရက် နံနက် ၁၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ဆာင်းတောင်ရဲစခန်းကို သိမ်းနိုင် ရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စီးနင်း တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်ရရှိခါနီး အကြမ်းဖက်စစ်တပ်က လေကြောင်းမှ အလွန်အကျွံဗုံးကြဲ တိုက်ခိုက်နေသဖြင့် ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်ကာ ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ဆားတောင်ရဲစခန်းနှင့်အနီးပတ်ဝန်းကျင်တွင် Y -12 လေယာဉ်၊ ဂျက်ဖိုက်တာ၊ Mi 35 လေယာဉ်စသည်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

“ရွာမှာ စစ်ကောင်စီ စခန်းရှိရင် တစ်နေ့တိုက်ပွဲဖြစ်မှာ သေချာတယ်လို့ တွေးထားပြီသားပါ။ ထင်ထား တဲ့ အတိုင်းဘဲ မနေ့က တိုက်ပွဲဖြစ်ကြတယ်။ စစ်တပ်ဘက် အကျဆုံးများလို့နေမယ် ညနေ ၅ နာရီ ပိုင်းကျတော့ လေယာဉ်သုံးစီးနဲ့ ဗုံးတွေ ချလိုက်တာ အလုံးအရေအတွက် အများကြီးပဲ လူတွေ သေ ဆုံးမှုက တော့ ကျွန်တော်တို့ မြို့ထဲပြန်မဝင်ရ သေးတော့ အတိကျ မသိရသေးဘူး” ဟု ဆားတောင် မြို့ မှ စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို  Zayar -7 Sagaing ARA မုံရွာခရိုင် အမှတ်၂၁ တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့နှင့် ဒေသ ပြည်သူကာကွယ် ရေးတပ်ဖွဲ့များက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *