Mon State News

0 0
Read Time:2 Minute, 52 Second

ရေးမြို့နယ်၊ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ဝင်ရောက်လာသော စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၁၃

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ဝင်ရောက်လာသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်း ထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက် နံနက် ၁၁ နာရီ ၃၄ မိနစ်အချိန်က ရေးမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမ ကြီးပေါ်သို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကွမ်ကျိုင့်ရွာအနီးအရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

“အခုတော့ ပြန်ဆုတ်သွားပြီ။ ဘယ်ရောက်သွားလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ၊ ဒီနားမှာတော့ မရှိ တော့ဘူး။ ကျနော်တို့ ရဲဘော်တွေ အားလုံး ဘေးကင်းပါတယ်၊ အထိအခိုက်မရှိပါဘူး” ဟု တောင်ညို စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီ ၃၆ မိနစ်ကလည်း ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်အကြာ ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးအကြမ်းဖက်စစ်သား များ ထံမှ လက်နက်ကောက်ယူရန်ကြိုးစားခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ကောက်ယူနိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရေးမြို့နယ်၊ မော့ကနင်ရွာအခြေစိုက် ခလရ ၁၀၆ နှင့် ဝယ်ဖယ်ရွာအခြေစိုက် အမတ ၃၁၇ ပူးပေါင်းပြီး အမတ ၃၁၇ တွင်လူစုကာ ကား ၃ စီးဖြင့် ရွာသစ်ရွာ သို့ပို့ဆောင်ပြီး ကွမ်ကြိုက်ရွာနှင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ PDF ပူးပေါင်းထားသည့် တောင်ညိုစစ်ကြောင်း၊ မွန် AD ပူးပေါင်း တပ်ဖွဲ့နှင့်အတူ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် ၁ /၂၀၂၄ သင်တန်းဆင်းရဲဘော်များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *