KIA News

0 0
Read Time:2 Minute, 34 Second

ဗန်းမော် -လွယ်ဂျယ်လမ်းပေါ်ရှိ နှစ် ၇၀ ကြာ တပ်စွဲထားသော စိန်လုံတောင် ဗျူဟာကုန်းကို သိမ်း ပိုက်ရရှိ၊ လွယ်ဂျယ်မြို့ကိုလည်း KIA က ပိတ်ဆို့ထားပြီး ယနေ့ ညပိုင်းတွင် အပြီးသိမ်းပိုက်တော့မည်

 

D Day News

ဧပြီလ ၁

 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်- လွယ်ဂျယ်လမ်းပေါ်ရှိ နှစ် ၇၀ ကြာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ စိန်လုံတောင် ဗျူဟာကုန်းစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁ ရက် နံနက် ၇ နာရီခန့်တွင် မိုးမောက်မြို့နယ်၊ ဗန်းမော် -လွယ်ဂျယ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စိန်လုံတောင် ဗျူဟာကုန်းစခန်းကိုကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၁၂၂ မမ၊ ၁၅၀ မမ လက်နက်ကြီးများ အပါအဝင် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

 

“ဗန်းမော် -လွယ်ဂျယ်လမ်းပေါ်မှာတော့ စခတပ်တွေ တစ်ခုမှမရှိတော့ဘူး၊ ဒီနေ့မနက် ၇ နာရီ လောက်ကပဲ နှစ် ၇၀ လောက်ကြာပြီဖြစ်တဲ့ စိန်လုံတောင် ဗျူဟာကုန်းစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းလိုက်ပြီ။ မနေ့ကညကတည်းက စစ်သားတွေက ထွက်ပြေးကြတယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အဆိုပါဗျူဟာကုန်းကို မတ်လ ၂၇ ရက်နေ့မှ စတင်၍ KIA တပ်မဟာ ၃ ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြာင်း အင်အား အသုံးပြုကာ ခုခံကာကွယ်ခဲ့သော်လည်း ၆ အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် တရုတ် -မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် လွယ်ဂျယ်မြို့ကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားပြီး မြို့တွင်းနေပြည်သူများမှာလည်း တိမ်းရှောင်နေကြကာ KIA ပူးပေါင်း တပ် ဖွဲ့က ယနေ့ညပိုင်းတွင် အပြီးသိမ်းပိုက်တော့မည်ဟု သတင်းထွက်ပေါ်နေကြောင်း သိရသည်။

 

PDF – လွယ်ဂျယ်မြို့ အနီးရှိ KIA တိုက်ခိုက်သိမ်းပိုက်ထားသော စစ်တပ်စခန်းတစ်ခုမှ လက်နက် ခဲယမ်းများ။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *