KNU News

0 0
Read Time:4 Minute, 44 Second

ကရင်ပြည်နယ်တွင် စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်မှုကြောင့် ၆ လအတွင်း ပြည်သူ ၁၃၄ ဦး သေဆုံး၊ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၁၂ သိန်းကျော် ထွက်ပြေးနေရ

 

D Day News

ဇူလိုင်လ ၁၃

 

ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်မှုကြောင့် ၆ လအတွင်း ပြည်သူ ၁၃၄ ဦးသေဆုံးပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အ တွင်းရှိ ပြည်သူ ၁၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုထံက သိရသည်။

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၄ ခုနှစ် ပထမ ၆ လ အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၎င်းတို့၏ အာဏာဆက်လက် တည်မြဲရေး နှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၀) မျိုး ထပ်မနည်း ကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးဗဟိုက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်မှုများမှာ−

 

(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း −၈၅၀ ကြိမ်

(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၂၄၉ ကြိမ်

(၃) ပြည်သူလူထုများအား Drone ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၀၆ ကြိမ်

(၄) ပြည်သူလူထုများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း − ၁၁ ကြိမ်

(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းတွင်မိုင်းထောင်ခြင်း − ၃၇ ကြိမ်

(၆) ပြည်သူလူထုများအား အကြောင်းမဲ့ဖမ်းဆီးခြင်း − ၂၂ ကြိမ်

(၇) ပြည်သူလူထုပိုင် ပစ္စည်ဥစ္စာများအား မီးရှို့ဖျက်ဆီးခြင်း − ၁၈ ကြိမ်

(၈) ပြည်သူလူထုများအား အတင်းအဓမ္မခိုင်းစေခြင်း − ၅ ကြိမ်

(၉) ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများအား အတင်းအဓမ္မယူဆောင်ခြင်း − ၄ ကြိမ်

(၁၀) ပြည်သူလူထုများအား အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း − ၁ ကြိမ်

 

ဖြစ်ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း လူအခွင့် အရေး ချိုးဖောက်မှု အမျိုးအစား (၁၀) မျိုးအား အကြိမ်ရေ (၂၃၀၃) ကြိမ်ထပ်မနည်းကျူးလွန်ခဲ့ သည်ဟု ဆိုသည်။

 

ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ (၉၆) ဦး အကြောင်းမဲ့ ဖမ်းဆီး ခြင်းခံခဲ့ရပြီး (၁၃၄) ဦးအသက်သေဆုံးခဲ့ရကာ (၄၃၉) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် ဘုရားကျောင်း ၆ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၃ ကျောင်း၊ စာသင်ကျောင်း ၁၄ ကျောင်း၊ ဆေးပေးခန်း ၂ ခန်း၊ ဆေးရုံ ၂ လုံး၊ ပြည်သူပိုင်အဆောက်အဦး ၇၉ လုံး၊ စပါးကျီပျက်စီးမှု ၃၂ လုံး၊ စိုက်ပျိုးခြံ ၆ ခြံ၊ အိမ် ၁၀၂၄ လုံး ထက်မနည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်က ပေါ်တာအဖြစ် ၂ ဦး၊ လမ်းပြအဖြစ် ၄ ဦး နှင့် ပြည်သူ ၁ ဦးကို အတင်း အဓမ္မ ခိုင်းစေမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မတ်ထားပြီး ရည် ရွယ် ချက်ရှိရှိ အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်မှုသည် အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေး ရှောင် ပြည်သူ (၁,၂၄၄,၄၁၅) ဦးခန့်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့ အခွင့် အရေးချိုးဖောက်မှုများသည် အာဏာစသိမ်း သည့် ၂၀၂၁ မှ ၂၀၂၃ အထိ ထိခိုက် ပျက်စီးမှုများစွာမြင့်တက်လာကြောင်း၊ ဤအချက်အလက်များ သည် ကောက်ခံ ရရှိသော အချက်အလက်များသာဖြစ်ပြီး ကောက်ခံ၍မရရှိသော အချက်အလက်များ လည်းကျန်ရှိနေနိုင် သေးသည့်အတွက် အမှန်တကယ် ထိခိုက်ပျက်စီးဆုံးရှံးမှုများသည် ဖော်ပြပါ စာရင်း အချက်အလက်များ ထက်များနေနိုင်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *