မတ္တရာမြို့နယ်၊ Alpha ဘိလပ်မြေစက်ရုံနှင့် မြောက်တံငါရွာစစ်တပ်စခန်းကို အပြီးသတ်သိမ်းပိုက် ရရှိ၊ စစ်သား ၅ ဦးအလောင်း ၅ လောင်းထက်မနည်းနှင့်အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
D Day News
ဇူလိုင်လ ၁၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ Alpha ဘိလပ်မြေစက်ရုံနှင့် မြောက်တံငါရွာ စစ်တပ်စခန်းကို အပြီး သတ်သိမ်းပိုက်ရရှိပြီး စစ်သား အလောင်း ထက်မနည်းနှင့် အတူ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း မန္တလေး PDF က ဓာတ်ပုံများနှင့်တကွ ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ထုတ် ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး မတ္တရာမြို့နယ်ရှိ မြောက်တံငါ တပ်စခန်းအား အပြီး သတ်သိမ်းပိုက်ရရှိထားကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုအပြင် မတ္တရာမြို့နယ် Alpha ဘိလပ်မြေစက်ရုံ ကာကင်းစခန်းကုန်းများအား နယ်မြေရှင်းလင်း ရေးပြုလုပ်ရာတွင် လက်နက်ငယ် ၁၂ လက်ခန့်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။
အလားတူ စဉ့်ကူးမြို့နယ် ၊ လက်ပန်လှ ရဲစခန်းမှ ထွက်ပြေးသွားသော ရဲမေတစ်ဦး၏ နေအိမ်အတွင်း ဝင် ရောက်ရှာဖွေရာ ခြောက်လုံးပြူး သေနတ် ၁ လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် -မန္တလေး စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားသည်။
D Day News