Myaing News

0 0
Read Time:2 Minute, 34 Second

မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၁၁

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စစ်တပ်စခန်းမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်း ဖက် စစ်သား များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စောင့် အကြမ်းဖက်စစ်တပ် စခန်းမှ စစ်သား ၂၅ ဦးခန့်သည် ရိက္ခာရှာရန်အတွက် အနောက်ဘက် မီတာ ၇၀ ခန့်အကွာရှိ ပုသိမ် -မုံရွာလမ်းမကြီးပေါ်သို့ တက်လာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ရေစက်ကနေ အနောက်ဘက်ကို ထွက်လာရင် မီတာ ၇၀ လောက်ရောက်တာနဲ့ ပုသိမ် -မုံရွာလမ်းမ ကြီးပေါ်ရောက်သွားတာ၊ တိုက်ပွဲကြာချိန် မိနစ် ၂၀ လောက်ကြာခဲ့တယ်၊ ကျနော်တို့ဘက်နေ စပစ် တာ၊ သူတို့ဘက်က တစ်ယောက်ထိတယ်၊ တစ်ယောက်ဒဏ်ရာရတယ်၊ တကယ်တော့ နှစ်ယောက် လုံး လဲကျသွားတာ၊ အဲဒီအချိန်မှာ တစ်ယောက်က လုံးဝပြန်ထလို့မရတော့ဘူး။ အဲဒီအချိန်မှာ အလောင်းကို ပြန်ဆွဲသွားတာ၊ အလောင်းကို အရပြန်ယူသွားတာ။ နောက်တစ်ယောက်ကိုတော့ ဒဏ်ရာရတဲ့အနေအထားနဲ့ ပြန်ဆွဲသွားတာ မြင်လိုက်ရတယ်။အဲလိုတိုက်ပွဲဖြစ်ပြီးတော့ ဆက်ထွက် မလာတော့ ပြန်ဆုတ်သွားတာ၊ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုပိန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Pakokku People’s Defense Force၊ Earthquake People’s Defence Force ၊ မဟာမိတ်တပ်ပေါင်းစု (MUGDF ၊ James Bond ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့) ၊ Justice Revolution Force၊ ဝံပုလွေအဖွဲ့ ၊ Hunter PKU ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ မှ Thurain-TR ၊ Shwe Nyar Myae PDF ၊ Pakokku Ranger နှင့် Young Force – UG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *