Magway News

0 0
Read Time:2 Minute, 16 Second

ငဖဲမြို့နယ်၊ မင်းဘူး-အမ်းလမ်းပိုင်းတွင် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကြောင်းကို ချုံခို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁၁

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး -အမ်းလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ စစ်ကြောင်းကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defence Force – Asho ထံမှ သိရသည်။

 

ဇူလိုင်လ ၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ် ရေးတပ်စခန်းမှ တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသည့် ခြေလျင်စစ်ကြောင်းကို အမ်း – မင်း ဘူးလမ်းပိုင်းရှိ မှိန်းစိမ်းရွာ လမ်းခွဲအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး ပွဲ ချင်းပြီး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဒဏ်ရာများဖြင့် ထွက်ပြေးသူများလည်းရှိပြီး အကြမ်းဖက်စစ်သားများထံမှ MA အမျိူးအစား သေနတ် ၁ လက်နှင့် BA- ၆၃ (G – 3) အမျိူးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ကံမြင်းကန် ဂိတ်၌ စစ်သားများချ ထားခဲ့ကာ ၁၂ ဘီးကားများဖြင့် ပြန်လာသည့် အကြမ်းဖက်စစ်သားများ ရောက်ရှိခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးလဲကျ သွားပြီး သေဆုံးခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) နှင့် ဧရာဝတီပြည်သူ့ ကာ ကွယ် ရေး တပ်မတော်စစ်ကြောင်း ( APDF ) တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *