Htilin News

0 0
Read Time:2 Minute, 0 Second

ထီးလင်းမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်းအပါအဝင် စစ်သား၊ ရဲများ တပ်စွဲထားရာနေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

 

D Day News

ဇူလိုင်လ ၁၁

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်းအပါအဝင် အကြမ်းဖက်စစ်သားများ တပ်စွဲထားရာနေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yaw National Revolution Force – YNRF ထံမှ သိရသည်။

 

ဇူလိုင်လ ၉ ရက် နေ့က ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ထွေအုပ်ရုံး၊ ဗျာ ဒိတ်ကုန်း၊ မီးသတ်ကုန်း၊ ရဲစခန်း၊ အောင်တော်မူ၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံး၊ စာသင်ကျောင်း စသည့် နေရာများကို Drone ဗုံးသီး ၂၃ လုံး၊ လက်လုပ် ၁၀၀ မမ ဗုံးသီး ၈ လုံး၊ လက်လုပ် ၆၀ မမ ဗုံးသီး ၂၀ လုံး၊ Rocket ၁၀ လုံး တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင်ထီးလင်းမြို့ဗျာဒိတ်ကုန်းအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းမှ ကင်း ထောက်တပ်စိတ်များနှင့် ဖက်စစ်သားများကြား မိနစ် ၂၀ ခန့်ကြာ သည်အထိ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှု့ကို ဂန့်‌ဂေါ်ခရိုင် အမှတ် ၁၆၊၁၇၊၁၈ တပ်ရင်းများနှင့်ထီးလင်းမြို့နယ် ပကဖ တို့ ဟန်ချက်ညီစွာ ပူးပေါင်း ထီးလင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ရန် အားစမ်းစစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *