KNLA News

0 0
Read Time:3 Minute, 29 Second

လောက်ကိုင်တွင် လက်နက်ချခဲ့သည့်စစ်သား ၁၀၀ ကျော် အောင်ဇေယျစစ်ဆင်ရေးတွင် သေဆုံး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ပြီးနောက် အောင်ဇေယျစစ်ဆင် ရေးကို ပြန်ပို့ခံခဲ့ရကာ စစ်ဆင်ရေးကာလအတွင်း စစ်သား ၁၀၀ ကျော်ထိခိုက်သေဆုံးဒဏ်ရာရရှိမှုရှိ ကြောင်း အလင်းဝင်ရောက်ခဲ့သူ တပ်သား ချစ်ထွေးက ပြောကြားသည်။

 

ဇူလိုင်လ ၅ ရက်နေ့က အောင်ဇေယျစစ်ဆင်ရေးအတွင်းမှ ထွက်ပြေးလာခဲ့ပြီး KNLA တပ်ဖွဲ့ထံ အ လင်း ဝင်ရောက်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၈ မှ တပ်သား ချစ်ထွေးက ဝန်ခံထွက်ဆိုသည်။

 

“အစလာတုန်းက ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတဲ့အတွက် လမ်းကြောင်းပြန်ပွင့်ဖို့ဆိုတဲ့ ရည် ရွယ်ချက်တစ်ခုတည်းနဲ့လာတာ။ အဲဒီလမ်းဖွင့်ပြီးရင်ပြီးဆိုပြီးတော့ အဲလိုပြောပြီးတော့ ခေါ်ချလာ တာ။ မင်းတို့ မနေချင်လို့ ပြေးလည်း မိသွားရင်မင်းတို့သေမှာပဲ။ တနေရာမဟုတ် တနေရာတော့ မင်း တို့မိမှာပဲ၊ မိသွားတာနဲ့မင်းတို့အသတ်ခံရမှာပဲ၊ အဲလိုပြောထားတယ်။ ကျနော်တို့စထွက်လာတုန်းက အင်အား ၂၆၀ ပြတာ၊ ဒါပေမယ့်အဲဒီအင်အား ၂၆၀ အပြည့်မပါဘူး။ ကျတဲ့သူရော၊ ဒဏ်ရာရတဲ့ သူ ရောဆိုရင် အနည်းဆုံးတပ်ရင်း ၁ ရင်းစာလောက်ရှိမယ်၊ တပ်ရင်း တစ်ရင်းစာဆိုတော့ ပထမ ၂၁ ယောက် ကျတာနဲ့ နောက်ပိုင်းဒဏ်ရာရတာနဲ့ဆိုရင် ၁၀၀ ကျော်လောက်တော့ရှိမယ်။” ဟု တပ်သား ချစ်ထွေးက ပြောကြားသည်။

အောင်ဇေယျစစ်ဆင်ရေးအတွင်း အထက်လူကြီးများ၏ မတရားဖိနှိပ်အနိုင်ကျင့်ခံရမှုများရှိပြီး မလုပ် ချင်သော်လည်း လုပ်နေရကြောင်း၊ ထိုသို့ လုပ်ဆောင်ရမှုကြောင့် ထိခိုက်သေဆုံးမှုများရှိပြီး စိတ် ဓာတ်ပျက်ယွင်းနေကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

 

“ကိုယ်မလုပ်နိုင်တဲ့အရာကြီးကို အတင်းဇွတ်လုပ်ခိုင်းတာ၊ ဘယ်သူမှ မလုပ်ချင်ဘူး၊ အကုန်လုံးက အမိန့်ကြောင့်လုပ်နေရတာပဲရှိတယ်။ စိတ်မပါဘူး။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဖိအားပေး မှုတွေကြောင့် မလုပ်ချင်လည်း လုပ်၊ မသွားချင်လည်း သွား၊ အဲလိုမျိုးတွေနဲ့ မဖြစ်သင့်တာတွေ ဖြစ်ပြီး တော့ ကျ သွား တာတွေရှိတယ်။ အပေါ်က လူကြီးတွေကြောင့်ပေါ့၊ စာနာစိတ်မရှိဘူး။ သူတို့ဖြစ်ချင်တာ၊ သူတို့ ရာထူးတိုးဖို့ အဲဒီအရာတွေလောက်ပဲကြည့်တယ်၊ ကျန်တဲ့အစိတ်အပိုင်း တွေမကြည့်ဘူး။ စစ်တပ် ကအတော်လေးကို ပျက်ပြားနေပြီ။ ဘယ်လိုမှလည်းရေရှည်ရပ်တည်လို့ရမှာမဟုတ်ဘူး။ ရပ်တည် လို့တော့ရမယ်၊ ရေရှည်တော့မဖြစ်နိုင်တော့ဘူး။ မနေချင်တဲ့သူတွေများလာတဲ့အချိန်မှာ ပြေးတာမျိုး၊ စိတ်ဓာတ်ကျတာမျိုးတွေက ထိခိုက်ကျဆုံးများလာတဲ့အချိန်ကျရင် သူတို့အတွက်  ဆက်ပြီးတော့ ထောက်ခံတာမျိုးမဖြစ်နိုင်တော့ဘူး။”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *