Myinmu News

0 0
Read Time:4 Minute, 35 Second

မြင်းမူမြို့နယ်တွင် စစ်တပ်အထိုင်စခန်းနှင့်စစ်ကြောင်းကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃၀ ဦး သေဆုံး(ရုပ်သံ)

 

D Day News

ဇူလိုင်လ ၉

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် အထိုင်စခန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ဦး သေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၈ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ အရှေ့ဘက် ဒို့မြန်မာကျော်ဆီဆိုင်မှ ကားဖြင့် အကြမ်းဖက်စစ်သား ၂၅ ဦးခန့်ထွက်လာပြီး ကားပေါ်မှ ဆင်း ကာခြေလျင်စစ်ကြောင်းလျှောက်လာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တဖက်ပွင့် ပြောင်း ၁၂ လုံးဖြင့် ပထမ ဦးစွာပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်ပြီးနောက် ကစဉ့်ကလျားဖြစ်သွားသော အကြမ်းဖက်စစ်အုပ်စုအတွင်းသို့ ၄၀ မမ ဗုံး သီး ၃ လုံးထပ်မံ ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် အနီးကပ်မနားပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၂ ဦး နေရာမှာပင်သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့မှ သံပြားကာ ကားတစ်စီးဖြင့် စစ်ကူရောက်ရှိလာခဲ့ရာ လက်နက် ကောက်ယူနိုင်ခြင်း မရှိခဲ့ပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြေင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာ ကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်နေချိန်အတွင်း အကြမ်းဖက်စစ်သာများတပ်စွဲထားရာ ဒို့မြန်မာဆီဆိုင် စခန်း ကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင် သေဆုံးသွား ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ်ပကဖ) မှ ဦးဆောင်၍ မြင်း မူမြို့နယ် ပလဖနှင့် Black Eagle Defence Force-MMU တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အာလးတူ ဇူလိုင်လ ၇ ရက်နေ့ကလည်း မုံရွာ-မန္တလေးလမ်းပိုင်း ရေပိုးစားကျေးရွာရှိ အကြမ်းဖက် စစ်တပ်အထိုင်စခန်း၊ ဂွေးပင်တော အထိုင်စခန်းနှင့် မြောင်လမ်းခွဲရှိအကြမ်းဖက်စစ်တပ်အထိုင်စခန်း မှ အကြမ်းဖက်စစ်သား လမ်းပေါ်တက်၍ ဆက်ကြေးကောက်၊ ကင်းပုန်းဝပ်နေစဉ် ဒရုန်းဖြင့် ဗုံးသီး ၁၉ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှု ကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်၍ မြို့နယ် ပကဖ Drone တပ်ဖွဲ့၊ Black Eagle Defence Force-MMU၊ Black Eagle Drone Force၊ Farmer Revolution Force-CHU (တပ်ရင်း-၈) နှင့် ဒေသခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် မြင်းမူမြို့နယ်၊ ဒို့မြန်မာကျော် ဆီဆိုင်နှင့် Max ဆီဆိုင်တို့ တွင် အထိုင်ချတပ်စွဲထားသော အကြမ်း ဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦး သေဆုံး ခဲ့ကြောင်း Black Eagle Defence Force-MMU ထံမှ သိရသည်။

 

ဇူလိုင်လ ၄ ရက် ည ၇ နာရီအချိန်တွင် မုံရွာ-မန္တလေး လမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ ဒို့မြန်မာ ကျော်ဆီဆိုင်နှင့် Max ဆီဆိုင်တို့တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်များကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး နေရာမှာတွင် သေဆုံးပြီး ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်၍ မြို့နယ် ပကဖ Drone တပ်ဖွဲ့၊ Black Eagle Defence Force-MMU၊ Black Eagle Drone Force၊ Farmer Revolution Force-CHU နှင့်ဒေသခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *