Chaung U News

0 0
Read Time:2 Minute, 48 Second

ချောင်းဦးမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး သေနတ် တစ်လက် သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော အကြမ်းဖက်စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Chaung U People Defence Force – CHU PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က ချောင်းဦးမြို့၊ ဘောလုံးကွင်းအနီး ပတ်ဝန်းကျင်တွင် ဆိုင်ကယ်တစ်စီးဖြင့် ကင်းလှည့်ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦးကို အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကာ G3 အမျိုး အစားသေနတ် ၁ လက်နှင့် ကျည်ဘောက် ၃ ဘောက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Photo – ချောင်းဦးမြို့အတွင်း ကင်းလှည့်နေသော ရဲများ (ပုံဟောင်းဖြစ်သည်။)

“ဆိုင်ကယ်နဲ့နှစ်ယောက်ကင်းလှည့်ထွက်လာတာ၊ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရ၊ ခြေ ထောက်ထိတာ။ မြို့ပေါ်အထိ တက်စောင့်ပြီး ပစ်ခတ်ခဲ့တာ၊ ဘောလုံးကွင်းအနီးပတ်ဝန်းကျင်မှာပဲ။ ဘောလုံးကွင်းနဲ့ ချောင်းဦးမြို့အထွက်တံတားနားမှာ ၃ ထပ်တိုက်တစ်လုံးရှိတယ်၊ အဲဒီတိုက်မှာ တပ်စွဲထားတာ။ အဲဒီဝန်းကျင်နားမှာပဲ ပစ်ခတ်ခဲ့တာ၊ အဲနားမှာက အင်အားကလည်းများတော့ ဓာတ်ပုံတွေဘာတွေ ရိုက်မယူနိုင်ခဲ့ဘူး၊ ပစ်ပြီးတခါတည်းပြန်ဆုတ်ပြေးလာခဲ့ရတာ” Chaung U People Defence Force – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို Chaung U People Defence Force – CHU PDF တပ်ဖွဲ့ ၊တပ်ခွဲ ၃ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ချောင်းဦးမြို့ပေါ်တွင်အကြမ်းဖက်စစ်သား ရာကျော်ရှိပြီး မြို့ပေါ်တွင်အထိုင်စခန်းများထပ်မံတိုးချဲ့ ထားကြောင်း၊ ချောင်းဦးမြို့ပေါ်ရှိအထိုင်စခန်းများမှ အင်အားများ ချောင်းဦးမြို့တွင်ဖြန့်ကျက်ထား ကာ မုံရွာ-မန္တလေးလမ်းပိုင်းကို ဖြတ်သန်းသွားလာသည့် အကြမ်းဖက်စစ်ယာဉ်တန်းများကိုလည်း လုံခြုံရေးယူပေးလျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *