Shan News

0 0
Read Time:5 Minute, 9 Second

SSPP/SSA နှင့် PSLF/TNLA တို့ကြား ပဋိပက္ခအတွင်း ပထမတန်း-စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) တပ်ရင်းမှူး၊ တပ်ရင်း (၅၇၇) တပ်ရင်းမှူး၊ သီပေါမြို့နယ်မှူးတို့အပါအဝင် ၈ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၉

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSPP/SSA နှင့် PSLF/TNLA တို့ကြား ပဋိပက္ခအတွင်း ပထမတန်း-စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) တပ်ရင်းမှူး၊ တပ်ရင်း (၅၇၇) တပ်ရင်းမှူးနှင့် သီပေါမြို့နယ် မှူးတို့အပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ဇူလိုင်လ (၅) ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင်တအာင်းတပ်မတော်၏ စစ်ဆင်ရေး ကြီးကြပ် သည့်အဖွဲ့မှ ကျောက်မဲမြို့၊ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည်ကြီးကြပ်ရန်သွားရောက် စဉ် နောင်ပိန် လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး စစ်ဆင်ရေးကြီးကြပ် သည့် ပထမတန်း-စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) တပ်ရင်းမှူး၊ တပ်ရင်း(၅၇၇) တပ်ရင်းမှူး နှင့်အတူ တပ်ဖွဲ့ဝင် (၃) ဦး ထိုနေရာတွင်ပင် ကျဆုံးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ်ခြင်းခံခဲ့ရခြင်းဖြစ်စဉ်တွင် တအာင်းတပ်မတော် ၏ စစ်ဦးစီးမှူး၏နာမည် ပြောဆိုသံကြားရပြီး “…ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်” ဟူသောစကား ပြောစက်မှ အမိန့်ပေး ပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်တွင် သီပေါ-ကျင်သီတံတားစခန်းမှ ကျောက်မဲမြို့သို့ ဖမ်းဆီး ရမိသည့် စစ်သုံ့ပန်းများကိုပို့ဆောင်သည့် TNLA တပ်ဖွဲ့ဝင်များ၏ကားသည် သီပေါမြို့နယ် ကြံခင်း-ရေပူရွာ၊ ဘုန်းကြီးကျောင်း ရှေ့ဖြတ်သန်းစဉ် SSPP တပ်ဖွဲ့ဝင်များက အုတ်တံတိုင်းအကွယ်မှ ပစ် ခတ် တိုက်ခိုက် လိုက်သဖြင့် ကားပေါ်ရှိ သီပေါမြို့နယ်မှူးနှင့် စစ်သုံ့ပန်းတစ်ဦး ပွဲချင်းပြီးကျဆုံးခဲ့ပြီး၊ တပ်ဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ဇွန်လ ၂၅ ရက်နေ့မှ ပြန်လည်စတင်ခဲ့သည့် ယခုစစ်ဆင်ရေးအပိုင်း(၂)တွင် သီပေါနှင့် ကျောက်မဲမြို့ နယ်များရှိအကြမ်းဖက်စစ်ကောင်စီ စစ်တပ်စခန်းများကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့ များက ဝန်းရံတိုက်ခိုက်ကြစဉ် အချို့နေရာများ၌ အကြမ်းဖက်စစ်တပ် စခန်းများ မကျရှုံးမီ SSPP တပ်ဖွဲ့များထံ လွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များကို သယ်ယူပို့ဆောင် ပေးခြင်း၊ လမ်းကြောင်းထွက်ပေါက်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်ကို ကြုံတွေ့ခဲ့ကြရကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ယခုစစ်ဆင်ရေးမစမီကာလ ကတည်းကပင် SSPP ခေါင်းဆောင်များနှင့်ဆက်သွယ်ညှိနှိုင်းခြင်း၊ အစည်းအဝေးပြုလုပ်ခြင်းတို့ဖြင့် အတူတကွ ပူးပေါင်း စစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပါဝင်နိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း SSPP ခေါင်းဆောင်များကတုန့်ပြန်ခဲ့ကြောင်း သိရသည်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များနှင့် လက်တွဲ ကာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် စစ်ဆင်ရေးများကို တော်လှန်ရေးအင်အားစုများနှင့်အတူ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA က အသိပေးထားသည်။

 

ယခုကဲ့သို့ ပေါ်ပေါက်လာသော ပြဿနာများကို FPNCC သို့ တင်ပြထားပြီး အမြန်ဆုံး ကြားဝင်ထိန်း သိမ်းညှိနှိုင်းမှုကို နာခံဆောင်ရွက်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF ဗဟိုကော် မတီက ထုတ်ပြန်ထးသည်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် မြောက်ပိုင်းညီနောင်မဟာမိတ် (MNDAA, AA) တို့ နှင့် အတူ (၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂) ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှစတင်၍ အကောင် အ ထည် ဖော်ကာ ဘုံရန်သူ အကြမ်းဖက် စစ်အုပ်စုကို ဟန်ချက်ညီတော်လှန်တိုက်ခိုက်နေစဉ် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ဗဟိုခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိပေးသည့်အမိန့်အတိုင်းအောက် ခြေတပ်ဖွဲ့ဝင်များ၏ နှောင့်ယှက်မှုအမျိုးမျိုး ဆက်တိုက်ကျူးလွန် နေသည်ကို အပြင်းအထန်ကန့် ကွက်ရှုတ်ချပြီး၊ ထိုလုပ်ရပ်များ ရပ်တန့်ထိန်းသိမ်းရန် တောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *