TNLA News

0 0
Read Time:3 Minute, 5 Second

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်ရရှိ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

 

D Day News

ဇူလိုင်လ ၈

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ မိုးမိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်း ၃ ခုကို သိမ်းပိုက်ရရှိပြီး နောင်ချို၊ သီပေါ၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၈ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း၂ ၊ ၁၄ ရက်မြောက်နေ့ နံနက် ၄ နာရီ ၄၄ မိနစ် အချိန်တွင် တအာင်းတပ်မတော် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က အကြမ်းဖက် စစ်ကောင် စီ ဒုံးတပ် ၆၀၆ တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်မတော် TNLA မှ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား လျက်ရှိသော စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ် ကြီးစခန်းတိုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

သီပေါမြို့နယ်၊ သီပေါတံတားအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ ကြား ယနေ့ ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလား တူ မိုးကုတ်မြို့နယ် မိုင်တိုင် (၅) နှင့်အိုက်ဆောင်တောင်အနီးတဝိုက်တွင်တအာင်းတပ်မတော်-TNLA နှင့် စစ်ကောင်စီတပ် လပခ၊ ခလရ (၈၈၊ ၁၄၈) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားရာ (၅)မိုင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ Jet Fighter ဖြင့် (၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁)စခန်းမှ လက်နက်ကြီး ဖြင့် ငြိမ်းချမ်းရေးကုန်းသို့ (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပြင် မိုးမိတ်မြို့အတွင်း တပ်စွဲ ထားသော စစ်ကောင်စီတပ်မှ ရွှေဇာလီရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၈) ကြိမ်နှင့် Jet Fighter ဖြင့် နောင်ချိုမြိုအတွင်း စာသင်ကျောင်းသို့ (၁)ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *