Singu News

0 0
Read Time:2 Minute, 29 Second

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၁၁ ခုအထိ သိမ်းပိုက်ရရှိပြီး မြို့နယ် ဒုတပ်မမှူး ဒုတိယ ဗိုလ်မှူးကြီး လှိုင်ထွန်းအောင်အပါအဝင် ၁၅ ဦးအရှင်ဖမ်းမိ၊ လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းအထုတ်များလည်း သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၈

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ၁၁ ခုအထိ သိမ်းပိုက်ရရှိ ထားပြီး မြို့နယ် ဒုတပ်မမှူး ဒုတိယဗိုလ်မှူးကြီး လှိုင်ထွန်းအောင်အပါအဝင် ၁၅ ဦးအရှင်ဖမ်းမိကာ လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းအထုတ်များလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယခုအခါ စဉ့်ကူးမြိုနယ်အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင် လယ်ကြီး တပ်စခန်းတိုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စဉ့်ကူးမြို့နယ်အတွင်း ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ တပ်စခန်း (၆)ခု အပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

စဉ့်ကူးမြို့နယ် စစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မမှုး ဒုတိယ ဗိုလ်မှူးကြီး လှိုင်ထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီးလက်နက်ချ အ လင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့ဝင်များလည်း ရှိကြောင်း သိရသည်။

 

ထိုအပြင် စဉ့်ကူးမြို့နယ် စစ်ဆင်ရေးများအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောာင်း သိရသည်။

 

စဉ့်ကူးမြို့နယ် စစ်ဆင်ရေးများတွင် စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုး ကူညီပေးလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *