အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းရန် လူစုနေသည့် အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်ခံရပြီး သေဆုံး
D Day News
ဇူလိုင်လ ၈
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းရန် လူစုပေး နေသည့် ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး “ချစ်ကို” ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝ တီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၈ ရက်နံနက် ၁၀ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး သည် ၎င်း၏ လယ်ထဲသို့ ဆိုင်ကယ် စီးနင်းလာရောက်စဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များမှ စောင့်ကြိုပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာ ပင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူး ချစ်ကို သည် အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်ထားသည်ဟု သတင်း လွှင့် ၍ အကြမ်းဖက်စစ်သားများထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များကို ထောက်လှမ်း သတင်းပို့ခြင်း၊ အကြမ်းဖက်စစ်တပ် အလိုကျ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံနေခြင်းတို့ လုပ်ဆောင်လျက်ရှိသဖြင့် ယခုကဲ့သို့ အ ရေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က အသိပေးထားသည်။
ပြည်သူများအား စစ်မှုထမ်းရန် အတင်းအကြပ်လူစုခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းနေသည့် စစ် ကောင်စီ ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး အဆိုပါ စစ်ကောင်စီ ထောက်တိုင်များအနီး၌ ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ကြိုတင် အသိ ပေး ထုတ်ပြန်ထားသည်။
D Day News