CDM News

0 0
Read Time:6 Minute, 23 Second

ခမရ ၁၈ တပ်ရင်းအနေဖြင့် အညာဒေသရှိရွာ ၅ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ဟု တပ်သားချစ်မင်းသူ ဝန်ခံ ထွက်ဆို (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၈

 

အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၈ တပ်ရင်းအနေဖြင့် အညာဒေသရှိ ကျေးရွာ ၅ ရွာခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။

 

ဇူလိုင်လ ၅ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေး လာပြီး KNLA တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ပြီးနောက် တွေ့ဆုံမေးမြန်းရာတွင် ၎င်းက ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မေး။ ။ ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အမည်၊ တာဝန်ထမ်းဆောင်သည့် တပ်။

 

ဖြေ။ ။ တပ်သားချစ်မင်းသူ၊ ကျနော်တာဝန်ထမ်းဆောင်သည့် တပ်က တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၈။

 

မေး။ ။ အကြမ်းဖက်စစ်တပ်ထဲ ဘယ်လိုရောက်ရှိခဲ့တာလဲ။

 

ဖြေ။ ။ စစဝင်တုန်းက ပါလို့ပါမှန်း မသိခဲ့ပါဘူး။ နောက်ပိုင်းသင်တန်းကျောင်းရောက်မှ တပ်ထဲ သွင်းခံရတယ်ဆိုတာ သိခဲ့ရတာပါ။ ကျနော်တပ်ထဲ စရောက်ရောက်တုန်းက အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ကျနော့်ကို မော်လမြိုင်စုဆောင်းရေးမှာသွင်းခဲ့တာပါ။

 

မေး။ ။ အသက်မပြည့်သေးပဲ ဘယ်သူက စုဆောင်းတပ်ထဲ အပ်ခဲ့လဲ။

 

ဖြေ။ ။ ကျနော့်ကို ဗိုလ်ကြီးအောင်ကိုမင်းက သွင်းခဲ့တာပါ။ သူ့ရဲ့တပ်ကတော့ ခမရ ၃၀၄ ၊ ၁၉ ဖာပွန်လို့တော့ ပြောတယ်ဗျ။ သူကကျနော်တို့ မော်လမြိုင်စုဆောင်းရေးကို ပို့ခဲ့တယ်။ မော်လမြိုင် စုဆောင်းရေးကနေမှ သင်တန်းကျောင်းကို သွားပို့တယ်။ သင်တန်းကျောင်းမှာ သင်တန်းကျောင်းက ကိုယ်စားလှယ်တွေ၊ သင်တန်းကျောင်းကလူတွေနဲ့ ညှိပြီးတော့ ကျနော်ကိုသွင်းတဲ့အခါကျတော့ ကျနော်က ငယ်သေးတယ်၊ ငယ်ရုပ်လည်းမပျောက်သေးဘူးဆိုပြီးတော့ ကုတင် ၇၀၀ မှာ ဓာတ်မှန် ရိုက်ပါတယ်။ ဓာတ်မှန်ရိုက်တော့ အရိုးနုသေးတယ်၊ အသက်ကလည်းမပြည့်သေးဘူး ပြောတော့ ၂ လ လောက်မွေးထားခိုင်းပြီးပြောတော့ စုဆောင်းရေးကို ပြန်လာခဲ့ရတယ်။ အဲဒီစုဆောင်းရေးမှာ ဆေး လိပ်တိုက်တယ်၊ ကွမ်းယာကျွေးတယ်။ ရုပ်ကြမ်းသွားအောင်ဆိုပြီးတော့၊ နောက်ပြီးတော့ သထုံမြို့ နယ် လေ့ကျင့်ရေး ၉ ကို ပြန်ပို့ပေးတယ်။ အဲဒီလေ့ကျင့်ရေး ၉ ကနေ သင်တန်းဆင်းတော့ ခမရ ၁၈ ကိုရောက်တယ်။ သင်တန်းဆင်းပြီး တစ်လနီးပါးလောက်ကြာတော့ ရခိုင်စစ်ဆင်ရေးကို စထိုးတယ်။ ရခိုင်စစ်ဆင်ရေးအထိုင်စခန်းမှာထိုင်ရတယ်။ ပြီးတော့ စစ်ကိုင်းဘက်ကို ထိုးတယ်။ စစ်ကိုင်းပြီးတော့ ကယား၊ ကယားပြီးတော့မှ ဒီကရင်ပြည်နယ်ကို ထိုးတာဗျ။

 

မေး။ ။ အညာဒေသစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်တပ် ခမရ ၁၈ က ကျေးရွာတွေကို မီးရှို့ခဲ့ တာရှိလား။

 

ဖြေ။ ။ အနည်းအကျဉ်းတော့ရှိတယ်။ အိမ်တွေမှာ လက်နက်တို့၊ ယူနီဖောင်းတို့ ၊ လက်ပစ်ဗုံးတို့ တစ်ခုခု မသင်္ကာတာမျိုးတွေ့ရင် အဲဒီအိမ်တွေကို မီးရှို့တယ်။ အဲဒါကို ဟန်လင်းရွာ၊ ထန်းပင်ကုန်းရွာ နဲ့ လေးငါးရွာလောက်ရှို့ခဲ့တယ်။

 

မေး။ ။ အောင်ဇေယျစစ်ဆင်ရေးအတွင်း အဓမ္မစေခိုင်းခံရခြင်းရှိလား။

 

ဖြေ။ ။ ရှိပါတယ်။ သူတို့ကကျတော့ ဟိုနောက်ဆုံးထိုင်ခုံပေါ်ကနေ ကျည်လွတ်မြေမှာနေပြီးတော့ ကျနော်တို့ရဲဘော်တွေကျတော့ အရှေ့ဆုံးကနေ တက်တိုက် တက်တိုက် ဆိုပြီးတော့ ပြောတယ်ဗျ။ အောင်ဇေယျစစ်ကြောင်းက မနေ့တနေ့က တိုက်သွားတဲ့ တိုက်ပွဲမှာတောင်မှ ၆ ယောက်ဒဏ်ရာရပြီး တော့ ၂ ယောက်ပျောက်သွားတယ်လို့ပြောသေးတယ်။ ဖိနှိပ်မှုတွေကတော့ သူတို့အမိန့်ပေးရင် အ ကုန် လုံးလုပ်ရတယ်ဗျ။ စိတ်မွန်းကြပ်ပြီးတော့ နောက်ဆုံးကုန်ကုန်ပြောရလို့ရှိရင် သူများသတ်စရာ မလိုဘူးကိုယ့်ကိုယ်တောင် သတ်သေချင်စိတ်ပေါက်တယ်။

 

မေး။ ။ အောင်ဇေယျစစ်ဆင်ရေးအတွင်း ခမရ ၁၈ တပ်ရင်းကနေ ထိခိုက်ကျဆုံးမှု ဘယ်လောက်ရှိ လဲ။

 

ဖြေ။ ။ ခမရ ၁၈ ထိခိုက်မှုကတော့ ၃ ပုံ ၁ ပုံလောက်ရှိတယ်။

 

မေး။ ။ အကြမ်းဖက်စစ်တပ်ပေါ် ဘယ်လိုမြင်လဲ။

 

ဖြေ။ ။ သူတို့က ကိုယ့်မင်းကိုယ့်ချင်းဖြစ်နေပြီး အာဏာရူးတယ်လို့ထင်တယ်။

 

မေး။ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အပေါ် ဘယ်လိုမြင်လဲ။

 

ဖြေ။ ။ အများဆုံးကြားရတာကတော့ မင်းတို့လူတွေကို တိုက်တာမဟုတ်ဘူး။ စနစ်နဲ့ အာဏာရှင် ကိုမကြိုက်လို့တိုက်တာလို့ အများဆုံးကြားရပါတယ်။

 

မေး။ ။ အကြမ်းဖက်စစ်တပ်အတွင်းကျန်ရှိနေခဲ့တဲ့ သူငယ်ချင်းတွေအပေါ် ဘယ်လိုတိုက်တွန်းအကြံ ပြုချင်လဲ။

 

ဖြေ။ ။ ကိုယ့်ဆန္ဒလည်းမပါဘူး။ ကိုယ့်လွတ်လပ်ခွင့်လည်း မရှိတဲ့ တပ်ထဲကို မနေတာအကောင်းဆုံး လို့ပြောချင်ပါတယ်။ ဘာဖြစ်လို့ မနေတာအကောင်းဆုံးလို့ပြောရလည်းဆိုရင် မလုပ်ချင်လည်း လုပ် နေရတယ်။ မတိုက်ချင်လည်းတိုက်နေရတယ်။ တိုက်နေရတယ်ဆိုတာကလည်း တခြားနိုင်ငံကလူ တွေနဲ့ တိုက်နေရတာမဟုတ်ဘူး။ မြန်မာအချင်းချင်းပြန်သတ်နေရတဲ့အခါကျတော့ ကိုယ့်အသက် တောင်ကိုယ်မသေချင်တာ သူများအသက်လည်း မသတ်ချင်ပါနဲ့၊ ကိုယ့်ဘာသာကို အေးဆေးပဲ လွတ်ရာ လွတ်ကြောင်းကို ထွက်ပြေးပါလို့ပဲ ပြောချင်ပါတယ်။

 

မေး။ ။ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တပ်ထဲရောက်လာမယ့်လူငယ်တွေကို ဘာတွေအကြံပြုလို ပါလဲ။

 

ဖြေ။ ။ အသက်ပြည့်လို့ရှိရင် မဖြစ်မနေ ဝင်ကိုရတော့မယ်ဆိုရင် ရောဂါတစ်ခုခု အကြောင်းပြပြီးတော့ မဝင်တာအကောင်းဆုံးလို့တော့ပြောချင်ပါတယ်။

 

မေး။ ။ မိသားစုကိုရော ဘာသတင်းစကားပါးလိုလဲ။

 

ဖြေ။ ။ ကျနော်တနေ့မသေဘူးဆိုရင်တော့ အမေနဲ့အဖေကို ပြန်တွေ့ချင်ပါတယ်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *