Maddayar News

0 0
Read Time:2 Minute, 19 Second

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂၅ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး ၁၂၀ မမ ဟောင်ဝှစ်ဇာစိန်ပြောင်းအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၆

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း ၂၅ ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ၁၂၀ မမ ဟောင်ဝှစ်ဇာစိန်ပြောင်းအပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိထားကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

 

မတ္တရာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများဖြစ်ကြသော စခန်းသာ တပ်စခန်း ၊ ကျောက်မဏ္ဍပ် တပ်စခန်း ၊ စပါးကျည်တောင် တပ်စခန်း ၊ ကျောက်ကြမ်းတောင် တပ်စခန်း ၊ ငွေပု ထိုး တပ်စခန်း ၊ ရှင်မတောင် တပ်စခန်း ၊ နဂါးပတ် တပ်စခန်း ၊ နွားခြံကုန်း တပ်စခန်း ၊ ဝန်တင်ကုန်း တပ်စခန်း ၊ လက်သန်းတောင် တပ်စခန်း ၊ ခြေတော်ရာ တပ်စခန်း ၊ ကိုရင်လေးတောင် တပ်စခန်း ၊ ကင်းရွာ တပ်စခန်း ၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း ၊ ရေနံ့သာ တိုးဂိတ် ၊ ရေနံ့သာ ရဲစခန်း နှင့် ပတ် လည်အင်း တပ်စခန်းတိုအပါအဝင် ရန်သူ့တပ်စခန်း စုစုပေါင်း (၂၅)ခုတိုကို အပြီးသတ် သိမ်းပိုက် ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း ရန်သူ့ထံမှ ၁၂၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက်နက်ခဲယမ်း အများအပြားကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစစ်ဆင်ရေးများကိ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ပသစ (ပျူစောထီး)အဖွဲ့ဝင်များကလည်း လက်နက်ချ အလင်းဝင်မှုများ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *