Kantbalu News

0 0
Read Time:2 Minute, 21 Second

ကန့်ဘလူနှင့်ကောလင်းခရိုင်အတွင်းရှိ အကြမ်းဖက်စစ်သားများ ရိက္ခာလမ်းကြောင်း ပိတ်ဆို့ဖြတ် တောက်ခံထားရမှုကြောင့် ပြည်သူကိုဖမ်းဆီးပြီး ရိက္ခာဖြင့်လာရောက်ရွေးချယ်ရန် ခြိမ်းခြောက်နေ

 

D Day News

ဇူလိုင်လ ၆

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်နှင့်ကန့်ဘလူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားများသည် ရိက္ခာ လမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်ထားရမှုကြောင့် ပြည်သူလူထုကို ဖမ်းဆီးပြီး ရိက္ခာများဖြင့် လာ ရောက်ရွေးယူရန် ခြိမ်းခြောက်နေကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနထံက ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

 

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အထိုင်စခန်းမှ အကြမ်းဖက်စစ်သားများသည် ဂုန်ညှင်းလျှိုရွာမှ ကောက်စိုက်သမ ၁၁ ဦး၊ အမျိုးသား ၃ ဦး နှင့် နွား ၄ ကောင်ကို ဖမ်းဆီးထားပြီး ဓားစာခံများ ပြန် လည်လွှတ်ပေးစေလိုလျှင် မိသားစုဝင်များအနေဖြင့် ရိက္ခာနှင့် လာရောက်လဲလှယ်ရမည်ဟု ခြိမ်း ခြောက်အကြပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

ဖမ်းဆီးထားသော အရပ်သားများကို ပြန်လွှတ်ပေးစေလိုလျှင် ရိက္ခာနှင့်အလဲအလှယ် လုပ်ရမည်၊ လာမရွေးပါက သေနတ်သံ တစ်ချက်ကြားလျှင် ဓားစာခံတစ်ယောက်သတ်ဖြတ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ခြိမ်းခြောက် ပြောဆိုလျက်ရှိသည်ဟု ဆိုသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များက လနှင့်ချီ၍ ဝိုင်း ပတ်ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် ကန့်ဘလူနှင့် ကောလင်းခရိုင်အတွင်းရှိ စစ်ကောင်စီတပ်များ ရိက္ခာ ပြတ်လပ်လျက် ရှိပြီး ရိက္ခာရရှိရေးအတွက် ယခုကဲ့သို့ အရပ်သားပြည်သူများကို ဓားစာခံ ဖမ်း ဆီး၍ ခြိမ်းခြောက် ရိက္ခာရှာဖွေရသည့် အခြေအနေသို့ ဆိုက်ရောက်နေခြင်း ဖြစ်ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *