Ywa Ngan News

0 0
Read Time:1 Minute, 53 Second

ရွာငံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး၊ ၄၀ မမ ၂ လက်ပါအဝင် သေနတ် ၆ လက်နှင့် ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၅

 

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးပြီး ၄၀ မမ ၂ လက်အပါအဝင် သေနတ် ၆ လက်နှင့် ခဲယမ်းများ၊ မူး ယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း Ywangan PDF -JPRF အဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ရွာငံမြို့နယ် အတွင်း လှည်လည် စစ် ကြောင်း ထိုးလာသည့် အကြမ်းဖက်စစ်တပ်ကြောင်းကို ရေချမ်းရွာနှင့် ၀က်ကဘူးရွာ အကြား လမ်းပိုင်းတစ်နေရာအရောက် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦးထက် မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး နယ်မြေရှင်းလင်းစဉ် ၄၀ မမ နှစ်လက်အပါအဝင် သေနတ် ၆ လက်၊ ၄၀ မမ ကျည် ၈ လုံးနှင့်ဆက်စပ်ခဲယမ်းများ၊ အသုံးအ ဆောင်များ နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ – JPRF နှင့် အမှတ် ၅၁၅ ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *