TNLA News

0 0
Read Time:2 Minute, 42 Second

ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကို သယ်ယူပို့ဆောင်စဉ် TNLA နှင့် SSPP/SSA ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး TNLA သီပေါမြို့နယ်မှူး သေဆုံး၊ အဆိုပါ အပြန်အလှန်ပစ်ခတ်မှုကို နှစ်ဖက်ခေါင်း ဆောင်များ တွေ့ဆုံညှိနှိုင်းကာ ဖြေရှင်း

 

D Day News

ဇူလိုင်လ ၅

 

 

ဖမ်းဆီးရမိသည့် စစ်သုံပန်းများအား သယ်ယူပိုဆောင်စဉ် PSLF/TNLA နှင့် SSPP/SSA တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သီပေါမြိုနယ်မှူး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာန ထံက သိရသည်။

 

တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ သီပေါမြိုနယ်တွင် 1027 စစ်ဆင်ရေးအပိုင်း(၂)အတွင်း PSLF/TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံပန်းများအား ခေါ်ဆောင်လာစဉ် သီပေါမြို့နယ်၊ ရေပူရွာအနီး လမ်းဘေးဘုန်းကြီးကျောင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPP/SSA တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ သီပေါမြိုနယ်မှူး ဗိုလ်ကြီး နေအုပ် အသက်ပေးလှူခဲ့ရပြီး ကျန်ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခင် သီပေါမြို့နှင့် ကျောက်မဲမြို့အား  ဖြတ်သန်းသွားလာရာတွင် SSPP/SSA တပ်မှ TNLA အား ပစ်ခတ်ခြင်းမရှိခဲ့ကြောင်း၊  ယခု စစ်သုံပန်းအား ခေါ်ဆောင်လာသည့် သီပေါမြို့နယ်မှူးအဖွဲ့အား ပစ်ခတ်မှုကြောင့် TNLA တပ်ဖွဲ့များ ရောက်ရှိကာ ဖြေရှင်းရန်ကြိုးပမ်းစဉ် နှစ်ဖက်တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP/SSA မှ PSLF/TNLA တပ်ဖွဲ့ကို စတင်ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။

 

ထိုကဲ့သို နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားသည်ကို သက်ဆိုင်ရာခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့် အဆုံးသတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

TNLA နှင့် SSPP/SSA တပ်ဖွဲ့တို့ကြား တိုက်ပွဲနှင့်ပတ်သက်၍ SSPP Info က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသော်လည်း ယခုညပိုင်းတွင် ယင်းပို့စ်အား ပြန်ဖျက်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *