Myaung News

0 0
Read Time:2 Minute, 17 Second

မြောင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်း၌ အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးကို Rocket လက်နက်ကြီး အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၅

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်တန်းရွာတောင်ဘက် ချင်းတွင်းမြစ်အတွင်း၌ အကြမ်းဖက် စစ်တပ် စစ်သင်္ဘော ၂ စီးကို Rocket လက်နက်ကြီးများအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့ထံမှ သိရ သည်။

 

ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်မှ ၁၁ နာရီအချိန် မြောင်မြို့နယ်၊ ကျောက် တန်းကျေးရွာတောင်ဘက်တွင် ချင်းတွင်းမြစ်အတွင်း၌ ဧရာဝတီမြစ်ဘက်မှ ဆန်တက် လာသော အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးကို MSPDF တပ်ဖွဲ့မှ ထုတ်လုပ်သည့် လက်လုပ် Rocket လက် နက်ကြီးအပါအဝင် လက်နက်ကြီး၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“ထိခိုကသေဆုံးမှုကတော့ စုံစမ်းနေတုန်းပါ၊ သူတို့လာတာက ဧရာဝတီမြစ် မနွယ်နီကျွန်းဘက်ကနေ လာတာ၊ တိုက်ပွဲဖြစ်တာက တိုက်ပွဲဖြစ်တာက ချင်းတွင်းမြစ်ထဲမှာဖြစ်တာ၊အခုတော့ မုံရွာဘက်ချင်း တွင်းတံတားကိုရောက်သွားပြီလို့ သိရတယ်။ စစ်သင်္ဘော ၂ စီးစလုံးပေါ်မှာတော့ လက်နက်အ ပြည့် အစုံပဲ။” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDFနှင့်အတူ ညီနောင်မဟာမိတ် တပ် ဖွဲ့များဖြစ်ကြသော၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ၊ မြောင်ကျေးရွာတပ်ပေါင်းစု ၊ သွေးသောက် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *