Magway News

0 0
Read Time:1 Minute, 36 Second

နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်ကာ စစ်သား ၅ ဦးသေဆုံး

 

D Day News

မတ်လ ၃၁

 

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဂွေးတောက်စမ်းရွာအနီး နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်၍ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည် သူများထံက သိရသည်။

 

မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မကွေးမြို့နယ်၊ ဧရာဝတီ အနောက်ဘက်ကမ်းရှိ ဝါဂွမ်း တပ်မှ အကြမ်းဖက်စစ်သားများည် နေပြည်တော် စစ်ရေးပြပွဲမှ စစ်ကား ၁ စီးဖြင့် ပြန်လာစဉ် မကွေး မြို့၊ ဂွေးတောက်စမ်းရွာအနီးအရောက် တိမ်းမှောက်ခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“နေပြည်တော် စစ်ရေးပြက ပြန်လာသော စခကား ၁ စီး မကွေးမြို့အနီး ဂွေးတောက်စမ်းရွာ အနီးမှာ မနေ့က ညနေ ၆ နာရီဝန်းကျင်လောက်မှာ တိမ်းမှောက်ခဲ့တယ်။ စခ ၃ ဦးပွဲချင်းပြီးသေပြီး ဆေးရုံ အ ရောက်မှာ ၂ ဦး ထပ်သေတယ်။ ဒဏ်ရာရရှိသူလည်း များတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ် ဦးက ပြောကြားသည်။

သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို မကွေးမြို့ ခုတင် ၁၀၀ ဆေးရုံ၌ တင်ဆောင်ထားပြီး ဂွေးတောက် စမ်းရွာအနီးတွင်လည်း အကြမ်းဖက်စစ်တပ်က တပ်စွဲထားကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *