KNLA News

0 0
Read Time:1 Minute, 57 Second

အောင်ဇေယျစစ်ဆင်ရေးတွင်အကြမ်းဖက်စစ်သားများသေဆုံးများနေပြီး နောက်ချန်အင်အားမရှိ တော့ဟု တပ်သားဖြိုးဇော် ပြောဆို (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၅

 

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်သားများ အကျအဆုံးများနေပြီး နောက်ချန်အင်အားမရှိတော့ကြောင်း KNLA တပ်ဖွဲ့ထံထွက်ပြေးခိုလှုံလာသည့် တပ်သား ဖြိုးဇော်က ပြောကြားသည်။

 

တပ်သားဖြိုးဇော်သည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၂ မှ တပ်သား တစ်ဦးဖြစ်ပြီး အောင်ဇေယျစစ်ဆင်ရေးအတွင်းမှ ထွက်ပြေးလွတ်မြောက်လာကာ KNLA ပူးပေါင်း တပ်ဖွဲ့ထံ ခိုလှုံလာသူ ဖြစ်သည်။

“သူတို့လုပ်ခိုင်းတဲ့အရာ မလုပ်ဖူးဆိုရင် ဆဲတယ်။ တစ်ခါတရံကျရင် ထိုးလည်းထိုးတယ်။ အောင် ဇေယျ စစ်ဆင်ရေးမှာက အကျအဆုံးများတယ်။ နောက်ချန်အင်အားလည်းမရှိတော့ဘူး။ တချို့ဆရာ တွေဆိုရင်မလုပ်ချင်တော့ဘူး။ သူတို့မိသားစုကို ငဲ့ပြီးတော့မှ မလုပ်ချင်ပဲ လုပ်နေကြရတာ။ ထွက်လို့ လည်းမရဘူး။ တပ်ရင်းနားရရင်လည်း တစ်ပတ် ၁၀ ရက်အဲလောက်ပဲ နားပြီးတော့ ရှေ့တန်း ပြန် လွှတ်တာ။ တချို့ဆရာတွေရော၊ ရဲဘောတွေရော မလုပ်ချင်ကြတော့ဘူး။” ဟု တပ်သားဖြိုးဇော်က ရှင်းပြသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများသည် တိုက်လိုခိုက်လိုစိတ်မရှိတော့ပဲ မိသားစုကို ငဲ့ကွက် ကာ ထမ်းဆောင်ကြရသူများပြားကြောင်း၊ ထွက်ပြေးလိုသော် လည်း အကြမ်းဖက်စစ်ကောင်စီအ ထက်အရာရှိများ၏ ခြိမ်းခြောက်ဖိနှိပ်မှုများကြောင့် ထွက်ပြေးနိုင်ခြင်းမရှိပဲ ဆက်လက်နေထိုင်နေကြ ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *