TNLA News

0 0
Read Time:1 Minute, 39 Second

နောင်ချိုမြို့ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က ဓာတု အဆိပ်ငွေ့ဗုံး အသုံးပြုကာ ခုခံနေ

 

D Day News

ဇူလိုင်လ ၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ အမှတ် ၆၀၆ ဒုံးတပ်ရင်းစခန်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဓာတု အဆိပ်ငွေ့ ဗုံးအသုံးပြုကာ ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြား ရေးဌာနထံက သိရသည်။

 

ဇူလိုင်လ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ စစ်ကောင်စီ၏ ဒုံးတပ်ရင်း အမှတ် ၆၀၆ တပ်စခန်းကို တအာင်းတပ်မတော် -TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်နေချိန် အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ဓာတုအဆိပ်ငွေ့ ဗုံး ၃ လုံး အသုံးပြုကာ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုမှုကြောင့် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင် ၈ ဦး အဆိပ်ငွေ့ သင့် ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာ ဖြစ်ခြင်း ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။

 

အလားတူ လွန်ခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း အဆိုပါ ဒုံးတပ်ရင်း ၆၀၆ တိုက်ပွဲတွင် ဓာတုအဆိပ် ငွေဗုံး ၁ လုံးအသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *