Ye U News

0 0
Read Time:3 Minute, 11 Second

ရေဦးမြို့မရဲစခန်းနှင့် ရေဦးမြို့အထွက် ဂါဝီပန်းခြံအနီး စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

D Day News

ဇူလိုင်လ ၄

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ ရေဦးမြို့မရဲစခန်းအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ် လက်အောက်ခံ ရဲများ ထိခိုက်မှုရှိကြောင်း ရေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲအင်အား အများအပြားဖြင့် အထိုင်ချတပ်စွဲထားသော ရေဦးမြို့မရဲစခန်းအတွင်းသို့ Fixed-Wing Drone ၂ စီးဖြင့် ဗုံးသီး ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ရဲများ ထိခိုက်မှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ဒရုန်း ၂ စီးနဲ့ ၃ ခေါက်ကျဲခဲ့တာ။ အထိအခိုက်ရှိတယ်လို့တော့ သိရတယ်၊ အတိအကျ သိရဖို့ ထပ်မံ စုံစမ်းနေတုန်းပဲ။ သူတို့ဘက်က လေယာဉ်ကို လိုက်ပစ်တာတွေရှိတယ်၊G4 တွေ၊ MA 2 တွေနဲ့ ပြန်ပစ် တာ။ စခန်းထဲမှာက အဓိက ရဲတွေများတာ။ ခရိုင်ရဲမှူးတွေနဲ့ ရဲမိသားစုဝင်တွေများတာ၊ ပျူအနည်း ငယ်ကတော့ ရဲစခန်းရဲ့ အနီးက အမကကျောင်းဆောင်ထဲမှာ နေကြတာ။ အားကစားရုံထဲမှာလည်း ရှိတယ်၊ အဲဒီရဲစခန်းပတ်ချာလည်ပေါ့။ အဲဒါက ဘယ်နားကျကျ သူတို့ဟာတွေများတယ်။ မြို့ထဲမှာ အင်အားအနေနဲ့ ၃၀၀ ပတ်ချာလည်တော့ ရှိသေးတယ်” ဟု ရေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF တပ်ရင်း ၊ ဒရုန်းတပ်စုမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ ကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ ဇူလိုင်လ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အချိန်က ရေဦးမြို့ အနောက်ဘက် အထွက် ဂါဝီပန်း ခြံအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်တွင် ဘန်ကာများဆောက်လုပ်နေ ကြောင်း သတင်း အရ ရွေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF မှ Fixed-Wing Drone များဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို မဆုတ်မရွံ့သော ခွန်အားဖြင့် ကြိုးစားတိုက်ခိုက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *